ထော့ပါကျန်းကခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း
“ကျုပ်အနီးအနားကိုဖြတ်သန်းသွားလာရင်းကြုံကြိုက်တာကြောင့် ဒီမှာရပ်နားပြီးဗုဒ္ဓကိုဆုတောင်းဖို့ဆုံးဖြတ်လိုက်တာပါ ”
လီဝေ့ရန်၏နှုတ်ခမ်းထောင့်စွန်းများကကွေးညွှတ်သွားသော်လည်းသူမကအပြုံးမဲ့စွာဖြင့်
“ ဪ? တတိယအရှင်မင်းသားကလည်းဗုဒ္ဓကိုယုံကြည်သက်ဝင်တယ်ပေါ့?"
ထော့ပါကျန်းသည်သူမ၏မေးခွန်းကအနည်းငယ်ထူးဆန်းနေသည်ကိုသိမြင်သဖြင့်
“ကျုပ်ကဘာလို့မယုံကြည်သက်ဝင်ရမှာလဲ?” ဟုမေးလိုက်သည်။
လီဝေ့ရန်သည်ဘုရားရှိခိုးခန်းမဆောင်ရှိ ဘုရားဆင်းတုတော်ဆီသို့ပြုံးကြည့်ရင်းသူမ၏ နှုတ်ခမ်းများကကွေးညွတ်သွားကာပြုံးလိုက်သော်လည်းသူ့အားရှင်းလင်းချက်ပြန်မပေးချေ။
ထော့ပါကျန်းသည်စိတ်တိုသွားသော်လည်းဤမကျေနပ်ချက်ကိုမထုတ်ဖော်မပြသဘဲ ဆက်၍ ပြုံးလျက်ပင် သူ့ဘေးမှထော့ပါယုအားမေးသည်မှာ
"ရှန်းဆုရဲ့စကားတွေကိုညီတော်ရောနားလည်သဘောပေါက်မိလား?"
အမှန်တိုင်းပြောရလျှင် ထော့ပါယုသည်လည်းထိုစကားများအားပဟေဠိဖြစ်နေမိသည်။ ဘာကြောင့်မှန်းမသိလီဝေ့ရန်သည်ထော့ပါကျန်းအားရန်လိုမုန်းတီးမှုရှိသည်ဟုသူအမြဲခံစားမိရသည်။ ဖြစ်နိုင်တာက ဒါသည်သူမဘာကြောင့်သူ့ကိုကူညီနေရတာလဲဆိုတဲ့အချက်ဖြစ်နိုင်တယ်။ တော်ဝင်မျိုးနွယ်မိသားစုမှ တတိယမင်းသားနှင့်အမတ်ချုပ်အိမ်တော်မှသခင်မလေးတို့အကြားတွင် တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းဘယ်လိုလုပ်ရန်ငြှိုးမုန်းတီးမှုရှိနိုင်ရမှာလဲ? သူကအဲဒါကိုနည်းနည်းလေးမှနားမလည်နိုင်ဘူးဖြစ်နေသည်။
လီဝေ့ရန်ကဒီတစ်သက်တာတွင်ဆုံးဖြတ်ထားတာတစ်ခုရှိသည်။ ထော့ပါကျန်းလိုချင်တာကိုရအောင်လုပ်ဖို့ သူမကခွင့်ပြုမှာမဟုတ်ဘူးဟူ၍ပင်။ ကျန်အခြားအရာများကိုတော့ သူမသိပ်ဂရုမစိုက်ပေမဲ့သူ့ကိုတွေ့မိတဲ့အချိန်တိုင်းသူ့ကိုစက်စုပ်ရွံရှာမိသောအမုန်းတရားတွေကချက်ချင်းဆိုသလိုပြန်ပေါ်လာသည်။ သူမကသူ့အားရန်မစခဲ့ပေမယ့် သူကသူမကိုဆိုအမြဲအထင်မြင်သေးနှိမ့်ချပြီး လင်းလက်တောက်ပသော အနာဂတ်အမြင့်ဆီသို့ခေါ်ဆောင်သွားမယ်လို့တောင်ကတိပေးလိုက်သေးသည်။ ဒါကအတော်လေးကမောက်ကမနိုင်တဲ့ကိစ္စတစ်ရပ်ပဲ။ လွန်ခဲ့သောဘဝတွင်သူမသည်ဤကဲ့သို့စိတ်ဆင်းရဲစရာအခြေအနေသို့ကျရောက်ခဲ့ပြီးမှတော့ ဒီဘဝမှာသူမသည်တူညီသောအမှားတွေကိုဘယ်လိုလုပ်ပြန်လုပ်နိုင်ရတော့မှာလဲ? အဲဒါကိုတွေးမိတော့သူမက တစ်ဘက်လှည့်ပြီး
YOU ARE READING
လီဝေ့ရန် (Zawgyi)
Historical FictionOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...