76.2.ကံကြမ္မာအလှည့်အ​ပြောင်း

475 91 2
                                    

လက်ရှိဖုကျီဘုရားကျောင်း၏​ကျောင်းထိုင်​ဆရာ​တော်သည် သက်​တော်၈၀ကျော်ရှိ​နေပြီးဘုန်း​တော်ကြီးတစ်ဦးမဖြစ်မီက ပညာ​တော်သင်​ကျောင်းသားတစ်ဦးဖြစ်ခဲ့သဖြင့် ဗဟုသုတကြွယ်ဝကာအရည်အချင်းနှင့်ပြည့်စုံသော်လည်း ကိစ္စဝိစ္စအမှု​ပေါင်းများစွာကိုတွေ့ကြုံခဲ့ရသူဖြစ်သည်။ အဆုံး၌မူသူ၏ဘ၀တွင် ဆူး​ညှောင့်ခလုတ်များစွာကိုဖြတ်သန်းရသဖြင့် အဆိုးမြင်ဝါဒီဆီသို့လမ်းလွှဲသွားမည်ကိုမလိုလားသော​ကြောင့် ဆံရိတ်ကာဘုန်း​တော်ကြီးဖြစ်လာခဲ့သူဖြစ်သည်။ ယခု​တော့သူသည်ဒီဘုရားကျောင်း​ဆောင်ဗိမာန်ကို ဂရုတစိုက်နဲ့စောင့်​ရှောက်​ပေးပြီးစိတ်​ရောကိုယ်ပါနှစ်ကာ ဗုဒ္ဓဘာသာကိုလေ့လာသင်ကြားရင်းက​နေဂုဏ်သတင်းကြီးမားလာကာလေးစားခံရသည့်ထိပ်တန်းဝါရင့်ဘုန်း​တော်ကြီးတစ်ပါးဖြစ်လာရသည်။

လီအိမ်​တော်သည် ဗုဒ္ဓထံတွင်ဝင်ရောက်ဆုတောင်းဝတ်ပြုမည်ကို ​ကျောင်းထိုင်ဆရာ​တော်ကသိ​ရှိသော​ကြောင့် ဘုရား​ကျောင်း​ဆောင်၏ဧည့်ခံပွဲတာဝန်ခံနှင့်အတူသူတို့အားလာ​ရောက်ကြိုဆိုရန်ဘုန်းကြီးကျောင်းတံခါးဂိတ်ဝသို့ကိုယ်တိုင်ကိုယ်ကျပင်လာရောက်ခဲ့သည်။

ပထမသခင်မသည်အ​စေခံ၏အကူအညီဖြင့်မြင်းလှည်းမှဆင်းလာခဲ့ပြီး​ဘုရားကျောင်း​ဆောင်တံခါးဝဆီသို့တစ်ချက်စိုက်ကြည့်လိုက်သဖြင့်အနီ​ရောင်ဝတ်ရုံအစအနများကိုဖာ​ထေးကာ သက်န်းလုပ်ခြုံရုံထား​သော ​ကျောင်းထိုင်ဆရာ​တော်တစ်ပါးက ကျန်​ဘုန်း​တော်ကြီးများကိုဦး​​ဆောင်ခြံရံလျက် ဂိတ်တံခါးဝတွင်​စောင့်​နေသည်ကိုတွေ့လိုက်ရသည်။ (အဲ့​ခေတ်ကအယူဝါဒအရ ဘုန်း​တော်ကြီး​တွေအ​နေနဲ့ နှိမ့်ချပြီး လောကီကိုမတပ်မက်နိုင်​​အောင် ပြန်သုံးလို့ရတဲ့အဝတ်အစ​တွေကိုဖာ​ထေးပြီးသက်န်းလုပ်ဝတ်ရပါတယ်) ​ကျောင်းထိုင်ဆရာ​တော်ကိုယ်တိုင်​တောင်လာ​ရောက်ကြိုဆိုရတဲ့အဖြစ်မျိုးက ဖုကျီဘုရားကျောင်းတစ်ဝိုက်ကလူအုပ်ကြီးကိုဆွဲဆောင်နိုင်လောက်တဲ့ခမ်းနားထည်ဝါ​​နေ​သောပုံရိပ်ကိုဖြစ်​စေသည်ပင်။

ဆရာတော်က ပထမသခင်မ​ရောက်လာသည်ကိုမြင်သည်နှင့်ခြေလှမ်းတစ်လှမ်းတိုးလိုက်ကာလက်နှစ်ဘက်ဖြင့်အုပ်မိုးကာဆုတောင်းပေးလိုက်သည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now