78.1.နတ်ဆိုးဝိညာဉ်များကိုနှင်ထုတ်

437 85 11
                                    

"နဝမကိုယ်လုပ်​တော်ကမနေ့ညက တတိယသခင်မ​လေးနဲ့အခန်းတစ်ခန်းတည်းကိုဝေမျှအသုံးပြုခဲ့​ပေမယ့် ဒီနေ့မနက်စောစောစီးစီးမှာပျောက်ဆုံးသွားပါတယ်!" ဟုအထိန်း​တော်တုက ကမန်းကတန်းသတင်းပို့သည်။

လီ​ရှောင်ရန်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုချက်ကိုရှာလိုသည့်အတိုင်းလီ​ဝေ့ရန်ကို ချက်ချင်းကြည့်လိုက်သည်။

လီ​ဝေ့ရန်ကခေါင်းငြိမ့်ပြလိုက်ပြီး

"သမီးမနက်ကအိပ်ရာနိုး​တော့ နဝမကိုယ်လုပ်​တော် ကိုမတွေ့ခဲ့ရပါဘူး"

"သူမ ဘယ်ကိုများသွား​နေတာလဲ?" 

လီ​ရှောင်ရန်သည်သူ၏နားကိုပင်မယုံနိုင်ဖြစ်​​နေသည်။

ပထမသခင်မသည်ရှိ​နေသူအားလုံးကို တစ်ချက်ကြည့်လိုက်ကာ

"နဝမကိုယ်လုပ်​တော်ထွက်သွားတာကိုမြင်တဲ့လူဘယ်သူရှိလဲ? ထွက်လာခဲ့ကြစမ်း!"

အစေခံများကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးရုတ်တရက်လူအုပ်ထဲမှတစ်စုံတစ်ယောက်ကချက်ချင်းဆိုသလိုထွက်လာပြီးလီ​ဝေ့ရန်ကိုလက်ညှိုးထိုးပြလိုက်သည်။

"သခင်မ၊ နဝမကိုယ်လုပ်​တော်က တတိယသခင်မ​လေးကို ကြမ်းပြင်ပေါ်မှာဒူးထောက်ပြီးတောင်းပန်တာကို ဒီအ​စေခံရဲ့မျက်စိ​တွေနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ဖူးပါတယ်။ သူတို့ကအရမ်းအကြာကြီးစကားပြော​နေကြပြီး​တော့ "သွားခွင့်ပြုပါ" လိုစကားမျိုးကိုလည်း ခပ်သဲ့သဲ့ကြားလိုက်ရပါ​သေးတယ်! "

ပထမသခင်မကဒေါသတကြီးခွန်းတုံ့ပြန်ပြောသည်က

"ဘယ်လို​တောင်​ပေါက်ကရစကားမျိုးလဲ! တတိယသခင်မ​လေးက နဝမကိုယ်လုပ်​တော်ကိုလွှတ်​ပေးလိုက်တယ်လို့မင်းကပြောနေတာလား?"

လီ​ဝေ့ရန်သည် သူမ၏သရုပ်ဆောင်မှုကိုကြည့်ပြီး အေးစက်စွာပြုံးကာစကားတစ်ခွန်းမှ မပြောခဲ့ပေ။

အ​စေခံက ချီတုံချတုံနဲ့ပြန်ဖြေသည်က

"အဲဒီတုန်းက.. မြင်ခဲ့တာကျွန်မတစ်​ယောက်တည်းမဟုတ်ရပါဘူး။ ဟုန်အာ၊ လု​လောင်နဲ့ မင်ရှိတို့လည်းမြင်ခဲ့ပါတယ် ကျွန်မတို့​ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ! သခင်မ ကျွန်မကိုမယုံရင်သူတို့ကိုမေးလို့ရပါတယ် "

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now