135.1.မို​ဖေ့ပြည်၏မင်းသားတစ်ပါး

118 18 0
                                    

ဒီ​အချက်မှာ​တော့ လီဝေ့ရန်သည် လီရှောင်ရန်ကို အလွန်​လေးစားရမည်ပင်။ သူ၏လူတွေကို ညှဉ်းပန်းနှိပ်စက်နိုင်တဲ့စွမ်းရည်သည် သူမထက်တောင် ပို၍ရက်စက်တယ်။ ပို၍အရေးကြီးသည်မှာ သူသည် သွေးထွက်​သံယိုမဖြစ်စေရဘဲ လူသတ်ပစ်နိုင်ပြီး သူ၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်မည်မဟုတ်ပေ။ အပေါ်ယံတွင်တော့ ကျောင်းယွိလန်သည် အခြားသူများကိုအမှုဆင်ရန် ကြံစည်မှုဖြင့် အပြစ်ပေးခံ​နေရသော်လည်း၊ အမှန်တကယ်တွင် သူသည် သူမ၏သစ္စာမဲ့မှုကိုသွယ်ဝိုက်၍အပြစ်ပေးနေခြင်းသာဖြစ်သည်။

"ဒါပေမယ့် ဦးကြီးက နောင်တရပါ့မလား? ​ကျောင်းယွိလန်ကသာ သူမရဲ့ စကား​တွေနဲ့ ယိမ်းယိုင်စေမယ်ဆိုရင်​ကော. ." 

လီ​ဝေ့ရန်က ပြုံးရုံသာပြုံးပြီး "ပုံမှန်ဆိုရင်တော့ တို့သာ ယောက်ျားတစ်ယောက်ဆိုရင် တို့ဇနီးသည်က တို့ကို ဦးထုပ်စိမ်းဆောင်းပေးခဲ့လို့က​တော့ သူမကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး"

ဒီဦးထုပ်စိမ်းပြသာနာက လီဝေ့ရန်အတင်းလုပ်ယူထား​တာဖြစ်သော်လည်း ​ကျောင်းမိသားစုသည် ​ဆေးတံပြာရည်ဘူးကို မသမာလုပ်ခဲ့သည်ဆိုတာကို သူမသိသည်။ သို့သော်လည်း သူမ၏ အစီအစဉ်များနှင့်ပတ်သတ်၍ သူမက အမြဲတမ်းအ​ကောင်းမြင်ယုံကြည်ထားသည်လေ။ လီ​ရှောင်ရန်၏မြုံ​နေခြင်းသည် လီမင်ကျီအတွက်​တော့​ ကောင်း​သောအရာဖြစ်၏။ သူမ ​မောင်​​လေး၏ဂုဏ်အဆင့်အတန်းကို အခု​တော့ ဘယ်သူမျှမထိပါးနိုင်တော့ဘူး။ လူ့သဘာဝသည် တစ်ကိုယ်ကောင်းဆန်ပြီး လီဝေ့ရန်သည်လည်း သူမနှင့်သူမ ချစ်ရသူများကိုသာဂရုစိုက်သည်။ လီ​ရှောင်ရန်အတွက်မူ၊ သူမ၏ဖခင်က သူမကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး၊ ဒီ​တော့ သူမက ဘာလို့ သူ့ကို ဂရုစိုက်​​နေတော့မှာလဲ? သူက ကလေးမရနိုင်မှတော့ ဒါသည် သူအ​နေဖြင့်လီမင်ကျီကို ကောင်းကောင်းကာကွယ်မှရ​တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားပြီး ဒီအတွက် သူအစွမ်းကုန်​ဆောင်ရွက်ရ​တော့မယ်ဆိုတာက ​တွေးကြည့်ရင်းနဲ့ပင် ရယ်စရာ​ ကောင်းလှတယ်။

"ဒါဆို အထိန်း​တော်ရုန်ကကော?"

စုန့်ယန်ကျွင်းက သိချင်စိတ်ပြင်းပြစွာဖြင့် 

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now