လီရှောင်ရန်က လျှောက်တင်သည်မှာ
"အရှင်မင်းမြတ်၊ ဝူဝေ့စစ်သူကြီးက အသက်မပြည့်သေးပေမယ့် သူ့တာဝန်တွေကို အားသွန်ခွန်စိုက်နဲ့ ထိထိရောက်ရောက် ထမ်းဆောင်ခဲ့ပါတယ်။ သူကရဲစွမ်းသတ္တိရှိပြီး စွမ်းရည်ရှိတာကြောင့် သူ့စိတ်ကူးတွေကို ရဲဝံ့စွာတွေးခေါ်နိုင်ပါတယ်။ သူ့လို ပါရမီမျိုးရှိလာဖို့က ခက်ခဲလှပေသားမလား"
ဧကရာဇ်က “ဒါဆို မောင်မင်းကသူ့လုပ်ရပ်ကို သဘောတူတာလား” လို့ အတင်းမေးတော့တယ်။
လီရှောင်ရန်က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အရေးပါတဲ့ စကားတွေကို ပြောလာတော့တယ်
"အရှင့်ရဲ့ငယ်သားက ဒီလို မဆိုလိုပါဘူး။ သူ့ရဲ့ မုရုံမျိုးနွယ်တွေကို သတ်ပစ်မှုက လှည့်စားမှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူက တိုက်ပွဲပေါင်း၄၀ကျော် အောင်မြင်ခဲ့ပြီး ဘယ်နေရာကိုသွားသွား ကျောင်းစစ်တပ်တွေချန်ရစ်ခဲ့တဲ့ ရလဒ်ကောင်းတွေကို မြင်ရမှာပါ။ ဆိုတော့ကား စစ်သူကြီးငယ်လေးက သူ့ဦးနှောက်တွေကို အလုပ်ပေးစေပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်မှုကို ထိန်းကျောင်းဖို့ သူ့ရဲ့သစ္စာစောင့်သိမှုကို ပြသခဲ့တာ ဖြစ်နိုင်ကြောင်းပါ။ အခြားသူတစ်ယောက်သာဆိုရင် အခြေအနေကဒီထက်ပိုဆိုးမယ်ဆိုတာ ဒီငယ်သားကပြောနိုင်ပါတယ်။ ဘယ်သူကမှ သူ့လောက်ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ရပါဘူး!”
သူရည်မှန်းထားသည့်အရာအားလုံးက ချီးမွမ်းစကားများဖြင့်သာ ပြီးသွားခဲ့သည်။အဓိကအားဖြင့် ကျောင်းနန်ကို ချီးကျူးသည့်စကားလုံးများဖြစ်သည်။ သို့သော် ဧကရာဇ်၏အမူအရာမှာ ပြောင်းလဲသွားပြီး မမျှော်လင့်ဘဲ ပို၍သာဆိုးလာသည်။
လီဝေ့ရန်က ဒါကိုသတိပြုမိပြီး သူမရဲ့ အပြုံးကို ဖုံးကွယ်ရင်း ခေါင်းငုံ့ထားတယ်။ လီရှောင်ရန်က ဧကရာဇ်ကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်သဖြင့် သူ့ရဲ့ ဒေါသကို အပြည့်အဝ နားလည်တယ်။ ဧကရာဇ်က ချီတုံချတုံ ဖြစ်နေတဲ့အတွက် သူသည်ကျောင်းနန်အား ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော သူရဲကောင်းအဖြစ် ချီးမွမ်းထောပနာပြုခဲ့တယ်။ သူသာမရှိခဲ့ရင် တိုင်းပြည်က ပြိုလဲသွားလိမ့်မည်ပေါ့။ သာမန်ဧကရာဇ်မင်းတစ်ပါးသာဆိုရင်တော့ကျောင်းနန်သည် သေချာပေါက် အန္တရာယ်ကင်းလိမ့်မည်။ သို့သော် ဤဧကရာဇ်မင်းသည် သာမန်ကာလျှံကာထက် သံသယစိတ်များ ကျော်လွန်နေသူဖြစ်သဖြင့်ကွဲပြားခြားနားသူဖြစ်သည်။ လီရှောင်ရန်သာကျောင်းနန်ကို ကြိမ်းမောင်းလိုက်ပါက ဧကရာဇ်သည် သူ၏စကားများက အလွန်ပြင်းထန်သွားသည်ဟု ယုံကြည်ကာ သူ့ငယ်သားအပေါ် စာနာစိတ်ဖြင့် တောင်းပန်ပြီးနောက် ထိုအရာသည် အသေးအဖွဲဖြစ်သွားနိုင်သည်။ သို့သော် လီရှောင်ရန်သည် ကျောင်းနန်အားအလွန်ချီးမွမ်းခြင်းဖြင့် ဧကရာဇ်မင်း၏အရွံရှာဆုံးအရာကဘာဖြစ်တယ်ဆိုတာကို သတိပေးခဲ့ပြီး မကြားဝံ့မနားသာဖြစ်စေသည်။ ဧကရာဇ်က ဒေါသအမျက်ဖြစ်မည်မှာ သေချာသည်။ လီဝေ့ရန်က လီရှောင်ရန်သည် ကြင်ရာတော်လျန်နှင့်ပင် မတူကြောင်း ခန့်မှန်းမိသည်။ သူက ဧကရာဇ်မင်း အငြိုးအထားဆုံးကဘာဆိုတာကို သိနေတယ်လေ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Tiểu thuyết Lịch sửOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...