105.1.မမကြီးရဲ့အလှတရားပျက်စီး

282 53 3
                                    

ယင်းထိုက်ကျိုးသည် ဧကရာဇ်မင်းမြတ်၏ အတွင်းခန်း​ဆောင်ထဲသို့ ဝင်လာ​ပေးရန် ဦး​ဆောင်လိုက်သောအခါ ကျိုးထိုက်ရှိုးသည် ခေါင်း​မော့ကာ မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ဒီလူအိုကြီးက ဒီတစ်ကြိမ် ဘာဖြစ်​ချင်​နေတာလဲ! ဧကရာဇ်မင်းက အထဲမှာရှိ​နေ​တော့ သူ့အ​​နေနဲ့ ခိုးနားထောင်လို့မရပြန်ဘူး။ ဒီပုရောဟိတ်အိုကြီးက သူ့ကို အ​သေ​ရေဖျက်မှာကို စိတ်မပူပင်ဘဲမနေနိုင်​ပေ။ ထိုအတွေးက သူ့ကို ထိတ်လန့်သွား​စေသဖြင့် သူသည် မိန်းမစိုးကို တစ်ချက်ကြည့်ကာ ဧကရာဇ်၏အိပ်​ဆောင်မှ ​ခြေလှမ်းကျယ်ကြီးဖြင့်ထွက်သွားလေသည်။ သူကိုယ်တိုင် စကား​ပြော​နေကြတာကို မကြားနိုင်သော်လည်း သေချာပေါက် သိလာဖို့နည်းလမ်းရှိလာလိမ့်မယ်။ ဟွန့်၊ ဧကရာဇ်မင်းက ကြင်ရာတော်လျန်ကို အခုလတ်တ​လော အရာအားလုံးကို ပြောပြ​နေတာပဲမလား။

တော်ဝင်အိပ်​​ဆောင်အခန်းအတွင်း၌ ယင်းထိုက်ကျိုးသည် သူ၏ကြယ်နက္ခတ်တာရာဇယားနှင့် လုံးထွေးနေပြီး​တော့ စကားပြောရန် အလျင်မလိုနေသည်မှာ သိသိသာသာပင်။

"လေးစားရပါသော ပု​ရောဟိတ်ကြီး၊ တာ့လီရဲ့အနာဂတ်အတွက် ​​မောင်မင်းက ကြယ်နက္ခတ်​တွေကို နေ့ရောညပါ ဂရုတစိုက် ​လေ့လာ​နေတာက တကယ့်ကို အထင်ကြီးစရာပါပဲ။ သို့​ပေငြားလည်း ​​မောင်မင်းရဲ့စကားတွေက တစ်ခုခုမှားယွင်းနေပြီဆိုတာ အရိပ်အမြွက်ပြနေသလိုပဲ။ တာ့လီရဲ့သာယာဝပြောမှုအတွက် ကောင်းကင်ဘုံက မြွက်ကြားတာတစ်ခုခုများရှိသလား?"

ဧကရာဇ်သည် နိမိတ်ကောင်းများတောင်း​နေသော်လည်း အမှန်မှာ မကောင်းသော နိမိတ်လက္ခဏာများရှိမရှိ သိလို​နေခြင်းဖြစ်သည်။ ယင်းထိုက်ကျိုးက သူ့ရဲ့အသက်ရှည်မှုက ကြာရှည်ခံမှာမဟုတ်ဘူးလို့ ခုနတင် ပြောခဲ့တယ်မဟုတ်ဘူးလား? ဒါက မကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလား?

"တာ့လီပြည်ကြီးက တည်ငြိမ်ပြီး လုံခြုံ​နေပါတယ်။ ကျွန်​တော်မျိုးက ဒါကိုမြင်ဖို့ အတွက် ကြယ်နက္ခတ်တွေကို ဖတ်ဖို့ မလို​ကြောင်းပါ"

ယင်းထိုက်ကျိုး၏စကားများက ပို၍ စိတ်ရှုပ်ထွေးသွား​​စေရသည်။ ဒါသည် အဖြေမဟုတ်ပေမယ့် ခုနက ပြောခဲ့တဲ့ နိမိတ်ဆိုးတွေကိုမရှင်းပြဘဲ အနာဂတ်ကိုသာ ဒီအတိုင်းပဲ ထုတ်​ပြော​​နေပုံရတယ်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now