"တကယ်လို့သာ ငါသတ်ပစ်ခဲ့တဲ့လူကသာ ငါ့ရှေ့မှာ နေ့တိုင်းပြန်ပေါ်လာရင်အေးအေးဆေးဆေးမစားနိုင်မအိပ်နိုင်ဖြစ်နေမိမှာပဲ။ ကြည့်ရတာ ပထမသခင်မက အဲဒါကိုခံနိုင်ရည်ရှိနိုင်ဖို့သံမဏိနှလုံးသားတစ်ခုရှိနေတာပဲဖြစ်ရမယ်"ဟု လီဝေ့ရန်ကအပြုံးလေးနဲ့ပြောလိုက်သည်။
"မမလေး၊ ပထမသခင်မရဲ့စကားကို မယုံကြည်သင့်ဘူးနော်။ ဒီအစေခံကတော့ သူတို့စိတ်ရင်းစိတ်ကောင်းနဲ့ပြောတယ်မထင်ဘူးလို့ ခံစားရတယ်"
ဒီအစေခံမလေးသည် ယခုတော့သတိကြီးနေတတ်မှတော့ သူမကအနည်းငယ်တိုးတက်လာပုံရသည်။ လီဝေ့ရန်သည်ပိုင်ကျီကိုကြည့်လိုက်သည်။
အပေါ်ယံတွင်တော့ ပထမသခင်မသည်ဒုတိယသခင်မ၏အိမ်တော်ထိန်းသိမ်းစောင့်ရှောက်ခွင့်တောင်းဆိုမှုကိုငြင်းဆိုခဲ့သော်လည်း လီဝေ့ရန်သည် သူမ၏အမူအယာများကိုသတိပြုမိခဲ့သည်။ 'မိသားစုအရေး' ဟူသောစကားလုံးကို သူမကြားခဲ့ရချိန်တွင် ပထမသခင်မ၏ပါးစပ်ထောင့်သည် ကြောက်ရွံ့ခြင်းမရှိပဲကော့တက်လာကာ အကြာကြီး စောင့်မျှော်နေခဲ့ရသောအရာသည် နောက်ဆုံးတွင်ဖြစ်လာပုံအလားပင်။
မည်သို့ပင်ဖြစ်စေကာမု ဒုတိယသခင်မ၏အကြံပေးချက်သည် ကိုယ်လုပ်တော်ဖွားသမီးများသည် ပထမသခင်မကိုဂရုစိုက်ပြုစုသင့်သည်ဆိုသောအချက်က အချိန်ကိုက်ကြီးကိုဖြစ်လာသည်လေ။
တကယ်တမ်းပြောရရင်တော့ ပထမသခင်မကိုပဲဖြစ်ဖြစ်ဒုတိယသခင်မကိုပဲဖြစ်ဖြစ် လီဝေ့ရန်ကသူမတို့ကိုကောင်းကောင်းနားလည်ပါတယ်။
ဒုတိယသခင်မသည် လိမ္မာပါးနပ်ပြီးရည်မှန်းချက်ကြီးမားသူဖြစ်သည်။ သူမသည် သခင်မကြီး၏နံဘေးတွင် တနေကုန်ဆိုသလိုနေပြီးတော့ သူမရဲ့မွေးမိခင်မိသားစုထံ ရံဖန်ရံခါသွားရောက်ကာ ဘုရားကျောင်းသို့သွားရောက်ဆုတောင်းခရီးထွက်လေ့ရှိသည်... ထိုသို့သော လူမှုရေးပွဲလမ်းသဘင်များတွင်ပါဝင်ခြင်းသည် မြို့တော်တွင်နေထိုင်သောသခင်မတစ်ယောက်အတွက်ပုံမှန်သာဖြစ်သည်။ ဒုတိယသခင်မသည် သခင်မကြီးအား အလေးနက်ထားစဉ်းစားပေးသော်လည်း ဒုတိယသခင်ကြီးသည် ကိုယ်လုပ်တော်ဖွားသားတစ်ဦးဖြစ်သောကြောင့် သခင်မကြီးကသူ့ကိုမျက်နှာသာမပေးချေ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Tarihi KurguOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...