လီမင်တိ၏လှပကော့ညွှတ်သော မျက်ခုံးမွှေးများသည် တွန့်ကွေးသွားပြီး ဖုံးကွယ်ထားသော ရင်နာမှုဖြင့်
"မင်းဘာလို့ဒီလောက်နမော်နမဲ့နိုင်ရတာလဲ"
လီဝေ့ရန်က ရပါတယ်လို့ ပြောမလိုပင်ရှိသေး....နောက်အခိုက်အတန့်မှာ သူမက လုံးဝ ထိတ်လန့်သွားမယ်ဆိုတာ ဘယ်သူသိပါ့မလဲ?
လီဝေ့ရန်တင်မကဘဲ မြင်းရထားပေါ်ရှိ အခြားသော ကောင်မလေးများလည်း အံ့အားသင့်သွားကြသည်။ မြင်းရထား၏ အတွင်းပိုင်းသည် အတော်လေးကျယ်ဝန်းသော်လည်း ရုတ်တရက် အပူချိန်တက်လာသည်ကို ခံစားလိုက်ရသည်။ မိုကျုးသည် ချက်ချင်းပင် သူမ၏မျက်နှာကိုအုပ်လိုက်သော်လည်း သူမ၏လက်နှစ်ချောင်းကို တိတ်တဆိတ်ရွှေ့ကာ လက်ကြားကွက်လပ်ထဲမှ လျှို့ဝှက်စွာ ချောင်းကြည့်နေမိသည်မှာ ကျောက်ယွဲ့က သူမတို့အစေခံ၂ယောက်၏မြင်ကွင်းကိုပိတ်၍ကွယ်မရပ်ခင်သည်ထိပင်။
လီဝေ့ရန်က ယခုထိတိုင် စကားမပြောနိုင်ဖြစ်နေတယ်။ လီမင်တိက တကယ်ချည်း သူမ၏လက်ချောင်းကို စုပ်ယူပေးနေသည်။ သူ့ပါးစပ်အတွင်းကနွေးထွေးမှုကို လက်ချောင်းလေးတွေက ခံစားလိုက်ရတော့ သူမမှာပြောစရာ စကားလုံးတွေ ပျောက်ရှနေပြီဆိုပေမယ့် သူက လုံလောက်တယ်လို့ မခံစားရဘဲ သူ့လျှာဖျားက သူမရဲ့အပူလောင်သွားတဲ့ လက်ချောင်းတွေကို ဂရုတစိုက်နဲ့ သပ်နမ်းလိုက်သည်။
(T/N: လီမင်တိကတော့ တစ်ကွက်မကပြနေပြီဟေ့ hee hee)
မျက်နှာထူထူနဲ့ အေးစက်သောနှလုံးသားရှိသော်လည်း လီဝေ့ရန်၏မျက်နှာမှာ ပူလောင်လာရသည်။
ဒီလူက အရှက်ရှိရမှန်း မသိဘူးလား? အစေခံများအားလုံး ဤနေရာတွင် ရှိနေသော်လည်း သူသည် မျက်ကွယ်ပြုထားကာ အခြားမည်သူမျှ မရှိသလိုလုပ်နေတယ်! အား! သူမ၏တစ်သက်တာ ဂုဏ်သတင်းသည် သူ့လက်ထဲရောက်မှ ပျက်စီးသွားရပြီ။
လီမင်တိသည် သူမ၏လက်လေးကို ရှောင်တခင်ပြန်လွှတ်ပေးလိုက်ပြီး
"နောက်တစ်ခါ သိပ်နမော်နမဲ့မလုပ်နဲ့တော့"ဟုစိတ်အေးသက်သာစွာပြောလိုက်သည်။
YOU ARE READING
လီဝေ့ရန် (Zawgyi)
أدب تاريخيOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...