1.နန်းကျ ဧကရီ

1.4K 107 2
                                    

တာ့လီ

အ​အေးနန်း​ဆောင်ရဲ့အမိုး​အောက်မှာ လီ​ဝေ့ရန် တစ်​ယောက် သူမရဲ့ဆံပင်ရှည်ထဲ​မှာရောက်​နေတဲ့ သန်း​ကောင်၆​ကောင်ကိုရေတွက်​နေမိသည်။ သူမရေမချိုးရတာ နှစ်အနည်းငယ်ကြာ​နေတာ​ကြောင့် သူမရဲ့ခန္ဓါကိုယ်​ပေါ်မှာချပ်ဝတ်တန်ဆာ ထူထူကြီးရှိ​နေသလိုခံစား​နေရသည်။ အဲ့​တော့ သန်း​ကောင်​တွေကိုရေတွက်​နေရတာကသာ သူမအချိန်ဖြုန်းနိုင်တဲ့ တစ်ခုတည်း​သောနည်းလမ်းဖြစ်လာသည်ပင်။

၁၂နှစ်! အအေးနန်း​ဆောင်အတွင်းမှာ သူမအကျဉ်းချခံရတာ ၁၂နှစ်​တောင်ရှိပြီ။ ​ဝေ့ရန်ကသူမ ရဲ့ ဦး​ခေါင်းကိုကောင်းကင်သို့မော့ကြည့်လိုက်မိသည်။ မိုးရွာတဲ့အချိန်တိုင်း သူမရဲ့​ခြေ​ထောက်​တွေက တဆစ်ဆစ်နာကျင်ကိုက်ခဲလွန်းတာ​က သူမကိုရူးသွပ်​စေသည်။

သူမကအမတ်ချုပ်ကြီးလီ​​ရှောင်ရန်ရဲ့​ သွေးသားရင်းသမီးတစ်​ယောက်ဖြစ်သည်။ ကံအကျိုးအ​ကြောင်း​ကြောင့် သူမကပထမဇနီးသည်ဆီကမဟုတ်ပဲ ကိုယ်လုပ်​တော်ဆီက​နေမွေးဖွားခဲ့ရသူပင်။ သူမ၏မွေးမိခင်က ဇာတ်နိမ့်အလွှာကအ​စေခံတစ်​​ယောက်ဖြစ်သည်။ ​နောက်တစ်ခုက သူမက​၂လပိုင်းမှာမွေးခဲ့တာမို့ နိမိတ်အရ၂လပိုင်းမှာ ​မွေးလာတဲ့မိန်းက​လေးက မိသားစုအတွက်ကံကြမ္မာဆိုးကိုဖြစ်လာ​စေမယ်ဆို​တော့....သူမ၏ဖခင်က သူမကိုဝေးတဲ့​ဆွေမျိုးသားချင်းဆီကိုပို့ပြီး ​​တောထဲမှာပျိုး​ထောင်​စေခဲ့တယ်။ ဒါ​ပေမယ့်အမျိုးဝေးတဲ့​ဆွေမျိုးက​တောင် သူမလိုဇာတ်နိမ့်အ​​စေခံဆီကမွေးလာတဲ့သမီးကို မပျိုး​ထောင်ချင်ဘူး။ အဲ့​တော့သူမကို ​ကျေးလက်ရွာတစ်ရွာကိုပို့ပြီး သူမကိုရုန်းကန်ရှင်သန်ခိုင်း​စေသည်။ သူမရဲ့ဖခင်က အမတ်ချုပ်ကြီးဖြစ်ပြီးသူမရဲ့ မိသားစု​နောက်ခံက တာ့လီမှာအင်အားကြီးပြီး လွှမ်းမိုးနိုင်​သော်လည်း သူမကဒီ​နေရာမှာ​တော့အိမ်အလုပ်နဲ့ လယ်အလုပ်​တွေလုပ်ရင်း သူမဘာသာရပ်တည်​​နေရသည်။

သူမက အပယ်ခံ၊ အ​မေ့ခံတစ်​​ယောက်။ သူမရဲ့ အ​ဖေတူအ​မေကွဲ အစ်မဖြစ်သူ လီချန်းလဲ့က သာအဲ့လူကိုလက်ထပ်ဖို့မငြင်းဆန်ခဲ့ရင် သူမရဲ့အ​ဖေနဲ့ ပထမသခင်မက သူမကို အရန်အ​နေနဲ့ ထားဖို့​ခေါ်ခဲ့မှာ မဟုတ်ဘူး။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now