နဝမကိုယ်လုပ်တော်၏အဖြစ်အပျက်မပြီးဆုံးသေးခင်မှာပင် သခင်မကြီးသည်နေမကောင်းဖြစ်လာသည်။
ပထမသခင်မသည် သခင်မကြီး၏အိပ်ရာဘေးတွင်ဂရုတစိုက်စောင့်ပြီး လက်ဖက်ရည်ဆက်သပေးခြင်း၊ ရေထည့်ပေးခြင်းစသည်ဖြင့်ဝေယျာဝေစ္စများကိုလုပ်ပေးနေသည်။ သခင်မကြီးကသူမကိုအေးစက်သည့်မျက်နှာဖြင့်ကြည့်လျှင်တောင် သူမသည်မျက်နှာတစ်ချက်မပျက်ပဲကြင်နာစွာအစွမ်းကုန်ပြုမူစောင့်ရှောက်ပေးသည်။ သို့သော်အခြားသူများ၏အမြင်၌မူ ဤသည်ကအခြားခံစားချက်တစ်ခုကိုဖြစ်စေသည်။
ပထမသခင်မသည်သခင်မကြီးအတွက်ဆေးကြိုပေးရသောသူအားကိုယ်တိုင်ပင်ကြီးကြပ်ကွပ်ကဲပေးနေသည်။ သခင်မကြီးသည် လီဝေ့ရန်အားသူမ၏နံဘေး၌ခေါ်ကာ
"အခုတော့ သူမက ဘာပြဇာတ်ကိုကချင်ပြန်ပြီလဲ" ဟုမေးလိုက်သည်။
လီဝေ့ရန်ကပြုံးလိုက်ပြီး
“အေးအေးဆေးဆေးနားနေလိုက်ပါဦး ဘွားဘွားရဲ့။ ကြည့်ရတာ မေမေကအစ်ကိုကြီးနဲ့ မမကြီးတို့အရွယ်ရောက်လာတာကိုမြင်တော့စိတ်ကပိုပွင့်လင်းလာပြီးဘွားဘွားနဲ့အမြဲအတိုက်အခံမဖြစ်သင့်တော့ဘူးလို့တွေးနေပုံရတယ်"
အောက်လမ်းအတတ်ဖြစ်ရပ်မှစ၍ သခင်မကြီးသည် သူမ၏အကြီးဆုံးချွေးမဖြစ်သူက စကားထုတ်မဆိုသော်လည်း ပထမသခင်မ၏ နှလုံးသား၌မူ သူမကိုမုန်းတီးနေသည်ဖြစ်ကြောင်းကောင်းကောင်းသိသည်။ ယခုအချိန်တွင်ပထမသခင်မကအပေါ်ယံပြုံးပျော်နေပုံရသော်လည်း သူမသည်သခင်မကြီးမြန်မြန်သေပါစေလို့ဆုတောင်းနေတာဖြစ်သည်။ သို့သော်ယခုအခါတွင် ပထမသခင်မ၏ဂရုစိုက်ပြသောအပြုအမူတို့ကြောင့် ဦးရေပြားကိုတစ်ဆစ်ဆစ်ဆွဲခွာနေသလို စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ လီဝေ့ရန်၏စကားကိုနားထောင်ပြီးနောက် သခင်မကြီးကသေသေချာချာစဉ်းစားလိုက်ပြီးနောက်ပြန်လည်တုံ့ပြန်ခဲ့သည်က
"ငါက အဲ့ကလေး၂ယောက်ကိုတကယ်ပဲချစ်ခင်ပါတယ် ဒါပေမယ့် သူတို့၂ယောက်က သိပ်စိတ်ပျက်ဖို့ကောင်းလွန်းတယ်။ မင်ဖန်ကတော့ထားပါတော့။ အနာဂတ်မှာ သူ့ကိုကောင်းကောင်းသင်ကြားပြသပေးပြီး ဇနီးကောင်းတစ်ယောက်ကိုလက်ထပ်နိုင်သေးတယ်။ ဒါပေမယ့် ချန်းလဲ့ကခွင့်လွှတ်လို့မရနိုင်ဘူး။ သူမကအရာအားလုံးကို အမှားတွေပဲလိုက်ရှာပြီး ငါကပဲလမ်းတစ်လျှောက်မှာအတားအဆီးတွေဖန်တီးနေတယ်လို့ထင်နေပေမယ့် ချန်းလဲ့ဘာတွေလုပ်ခဲ့လဲဆိုတာကိုတော့ထည့်တောင်မတွေးဘူး။ ဒီအမယ်အိုကြီးကသာ သူမကိုကာကွယ်ဖုံးဖိမပေးခဲ့မိရင် မြို့တော်ထဲမှာမုန်တိုင်းထန်သွားလိမ့်မယ်"
YOU ARE READING
လီဝေ့ရန် (Zawgyi)
Ficción históricaOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...