၈နာရီလောက်ရောက်တော့ ကောင်လေးနိုးလာသည်။ ထွဋ်ဦးထင်တစ်ယောက် သူငယ်ချင်းများဖြစ်တဲ့ ထွန်းအောင်နဲ့နေပိုင်ကိုခေါ်ထားသည်။နိုးလာတော့ ကောင်လေးက ထမင်း ဆိုပြီး ပြောလာတာကြောင့် ထမင်းလေးကိုဆီနဲ့ဆားနဲ့နယ်ကာ ထန်းညက်ခဲနဲ့ချပေးလိုက်သည်။ ဖြစ်သလိုစားတဲ့သူ့အတွက် ကောင်လေးကိုကျွေးစရာ ဟင်းလည်းမရှိတာကြောင့် ရှိတာပဲကျွေးလိုက်ခြင်းဖြစ်သည်။
ထမင်းပန်းကန်မြင်တော့ ယူစားမယ်ပြင်တာမို့ ဆားတစ်ခဲကိုယူပြီး ပလုတ်ကျင်းခိုင်းရသေးသည်။ ပြီးသည်နှင့် တန်းလျားခုံမှာထိုင်စေကာ ထမင်းစားစေလိုက်သည်။
ဘယ်လောက်တောင်မစားခဲ့ရလဲမသိ ထန်းညက်ခဲကိုကိုက်ပြီးစားနေသည်မှာ အားရပါးရပင်။ ထွန်းအောင်နဲ့နေပိုင်ကလည်း ထိုကောင်လေးကိုကြည့်ပြီး ပါးစပ်တပြင်ပြင်လုပ်နေသည်။ ထွဋ်ဦးထင်တို့၃ယောက်ကြည့်နေတာကိုသိလို့ထင်သည် ကောင်လေးကမော့ကြည့်လာသည်။ ဘာမှမပြောဘဲ ငုံ့ကာဆက်စားနေသည်။
"ရေ ရေ..."
"ငထွဋ် ရေတဲ့ သွားယူပေးလိုက်ဦး.."
ထွဋ်ဦးထင် ထပြီး ရေခပ်ပေးရသည်။ ရေခွက်ကမ်းပေးတော့ ကောင်လေးကလှမ်းယူသည်။ မော့သောက်ပြီး နှုတ်ခမ်းကိုလက်နဲ့သုတ်ကာ ရေခွက်ကမ်းပေးသည်။
ထမင်းပန်းကန်နဲ့ရေခွက်ကိုသွားသိမ်းလိုက်ပြီး ကောင်လေးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။ သူလည်းဝင်ထိုင်ရော မျက်လုံးအဝိုင်းသားနဲ့ကြည့်နေသည်။ မျက်နှာသစ်လိုက်တော့ လာတုန်းကမျက်နှာထက်စာရင် နည်းနည်းလေးဝင်းသွားသလို။
"ထမင်းလည်းစားပြီးပြီဆိုတော့ မေးလို့ရပြီပေါ့..."
ထွဋ်ဦးထင်ပြောလိုက်တော့ ကောင်လေးကခေါင်းညိတ်ပြသည်။
"မင်းကဘယ်သူလဲ? ဘယ်ကလာတာလဲ?..."
သူမေးသည်ကို နှုတ်နဲ့မဖြေဘဲခေါင်းခါပြသည်။
"ဟေ့ကောင် ကောင်လေးကစကားမပြောတတ်တာလား..."
"ပြောတတ်ပါတယ် ညကငါ့ကိုတောင်ဓာတ်မီးပိတ်ဖို့ပြောသေးတာ...
ဟေ့ကောင်လေး မင်းစကားပြောတတ်ဆိုတာငါသိတယ်...
နှုတ်နဲ့ဖြေ ခေါင်းညိတ်ခေါင်းခါမလုပ်ပြနဲ့ ငါနားမလည်ဘူး...
မင်းနာမည်ဘယ်သူလဲ?..."
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......