"ခမ်းကိုအမြန်ဆုံးရှာတွေ့စေချင်တယ်...
နောက်လဆိုခမ်းကအသက်၂၁နှစ်ပြည့်တော့မှာ သူ့အဖွားလွှဲခဲ့တဲ့အမွေတွေကိုသူ့လက်ထဲကို ကျွန်တော်ကိုယ်တိုင်အပ်ပေးရမှာ...
မမေသီတို့အနေနဲ့ ခမ်းကိုမရှာနိုင်ဘူးဆို ကျွန်တော်ကိုယ်တိုင်ရှာရပါမယ်...""ကိုမောင်ပြောတာကိုကျွန်မနားလည်ပါတယ်...
အခုဟာက ခမ်းကစိတ်ဖောက်ပြီးထွက်ပြေးသွားတာဆိုတော့ ကျွန်မလူတွေရှာမတွေ့သေးတာပါ...
မွေးနေ့မတိုင်ခင် ရှာတွေ့မယ်လို့ကျွန်မအာမခံပါတယ်...
အခုလည်း အိမ်အသုံးစရိတ်ကပြတ်သွားတော့...""ခမ်းရဲ့လစဉ်ငွေကိုလိုချင်တယ်ပေါ့..."
ဦးမောင်ကတိုက်ရိုက်ပြောလိုက်တာမို့ ဒေါ်မေသီမျက်နှာနည်းနည်းပျက်သွားသည်။
"လိုချင်တယ်ရယ်လည်းမဟုတ်ပါဘူး...
ခမ်းပျောက်သွားတာပဲ တစ်လပြည့်တော့မယ်လေ...
ခမ်းကိုရှာဖို့လွှတ်ထားတဲ့လူတွေကိုလည်း ငွေပေးရဦးမှာဆိုတော့လေ...""ကောင်းပါပြီ ဒါက ခမ်းရဲ့လစဉ်ငွေ၃သိန်းပါ..."
ဦးမောင်ပေးလိုက်သည်နှင့် ချက်ချင်းပင်ကောက်ယူလိုက်သည့်ဒေါ်မေသီ...
ဒီလိုလောဘတွေရှိနေလို့လည်း ယောက္ခမဖြစ်သူက သူ့အတွက်အမွေမချန်သွားတာပင်။
သနားစရာကောင်းတဲ့ခမ်းလေးက ဦးလေးရဲ့မိန်းမဖြစ်သူဒေါ်မေသူရဲ့ဒဏ်ကိုမခံနိုင်လို့ထွက်ပြေးသွားတာပဲဖြစ်ရမည်။ ခမ်းရဲ့အဖွားဖြစ်သူ ဒေါ်နှင်းမြိုင်ဟာ ခမ်းနောင်ရေးအတွက် အမွေတွေကိုချန်ထားခဲ့သည်။ လွန်ခဲ့သော၃နှစ်ကပဲ ဒေါ်နှင်းမြိုင်ဆုံးပါးသွားခဲ့သည်။ ဒေါ်နှင်းမြိုင်ဆုံးပါးသွားသည်နှင့် သားကြီးရဲ့မိန်းမဖြစ်သူ ဒေါ်မေသီက ခမ်းရဲ့အမွေတွေကိုထိပါးမှာစိုးတာကြောင့် စာချုပ်စာတမ်းသေသေချာချာလုပ်ထားခဲ့သည်။
ဒေါ်နှင်းမြိုင်မှာသားသမီး၂ယောက်ရှိသည်။ ဒေါ်မေသီရဲ့ခင်ပွန်းဦးလင်းမြိုင်ကသားအကြီးဖြစ်ပြီး ခမ်းရဲ့မေမေ ဒေါ်ထားမေကတော့ သမီးအငယ်ဖြစ်သည်။ သားကြီးနဲ့သမီးငယ် ကိုယ်စီအိမ်ထောင်ကျသွားပေမယ့် ၂ဦးစလုံး အိမ်ထောင်ရေးကံမကောင်းပေ။ သားကြီးက ငယ်ငယ်ရွယ်ရွယ်မိန်းမကိုယူထားပြီး မိန်းမဖြစ်သူရဲ့သြဇာလွှမ်းမိုးမှုကို မခံနိုင်တာကြောင့် အိမ်ကထွက်သွားပြီး ရဟန်းဝတ်သွားသည်။ သမီးငယ်ကလည်း ခင်ပွန်းဖြစ်သူနှင့်ကတောက်ကစဖြစ်ပြီး သားတစ်ယောက်နှင့်အတူ သူမအိမ်ကိုရောက်လာသည်။ သမီးငယ်ရဲ့ခင်ပွန်းဖြစ်သူကတော့ ဘယ်ရောက်လို့ရောက်မှန်းမသိပေ။ ခမ်းအသက်၅နှစ်လောက်ကကွဲသွားခဲ့တာဟာ အခုချိန်ထိ ခမ်းဆီရောက်မလာပေ။ ခမ်းအသက်၆နှစ်မှာပဲ ခမ်းအမေဆုံးပါးသွားသည်။ ခမ်းမှာအားကိုးစရာဆိုလို့ အဖွားတစ်ယောက်သာကျန်ရှိတော့သည်။
![](https://img.wattpad.com/cover/284907828-288-k72221.jpg)
BẠN ĐANG ĐỌC
Kham(ခမ်း) (completed)
Lãng mạn'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......