Part-15(Uni)

9.5K 886 75
                                    


"အင်း! ဖယ်..."

ခမ်း ညကထန်းရည်တွေသောက်ပြီးမူးကာ အစောကြီးအိပ်ပျော်သွားခဲ့သည်။ ဦးထွဋ်ကျောပေါ်တင်ပြီးခေါ်လာခဲ့တာကိုတော့သတိရသည်။ နောက်ပိုင်းတော့ သူမမှတ်မိတော့။

ခမ်းကိုယ်ကိုလှုပ်ကြည့်ပေမယ့် လှုပ်လို့မရတာကြောင့် ကြည့်လိုက်တော့ သူ့ကိုယ်ပေါ်ရောက်နေတဲ့ထွဋ်ဦးထင်ရဲ့လက်တစ်ဖက်။

"ထွဋ်ဦးထင် လွှတ်..."

ထွဋ်ဦးထင်က အတင်းဖက်ထားတာကြောင့် ခမ်းအတင်းရုနားနေပေမယ့် ရုန်းလို့မရပေ။

"ထွဋ်ဦးထင် ဖယ်..."

"ငြိမ်ငြိမ်နေခမ်းရာ...
ကိုယ်အိပ်ချင်သေးတယ်..."

"ဖယ်ပေး မနေတတ်ဘူး..."

"မရဘူး ငြိမ်ငြိမ်နေနော် ဖက်လုံးလေး..."

"ဖက်လုံးမဟုတ်ဘူး ကျွန်တော် ကျွန်တော်ပါ..."

ထွဋ်ဦးထင်က ချစ်စနိုးနဲ့ဖက်လုံးလေးလို့ခေါ်လိုက်တာကို ခမ်းကတော့ ဖက်လုံးမဟုတ်ဘူး ကျွန်တော်ပါ ဆိုပြီးဖြေရှင်းနေသည်။

"ဖက်လုံးမဟုတ်ဘူး ခမ်းပါ ခမ်းပါဆို လွှတ်ပေး..."

"ဟက်! ချစ်လိုက်တာကွာ..."

"ဟာ ထွဋ်ဦးထင် ဘာတွေပြောနေတာလဲ? လွှတ်ပေး..."

"မလွှတ်ပေးဘူး..."

ထွဋ်ဦးထင်ရဲ့အနှောင့်အသွားမလွတ်တဲ့စကားကြောင့် ခမ်းနားရွက်ဖျားလေးရဲသွားကာ ထွဋ်ဦးထင်ကိုယ်ကိုအတင်းတွန်းနေသည်။

"ထွဋ်ဦးထင် ထမင်းချက်ရဦးမှာ လွှတ်ပေး..."

"ဒီမနက် မုန့်ဟင်းခါးဝယ်စားမယ်..."

"ပိုက်ဆံကုန်တာပေါ့..."

"ကုန်ပါစေ..."

"ထွဋ်ဦးထင် လွှတ်ပေးနော်..."

"ပါးကိုနမ်း.."

"ဟာ ထွဋ်ဦးထင်ကလည်း..."

ထွဋ်ဦးထင် ဆေးအစားမှားထားတာလား...
ညက ထန်းရည်တွေသောက်ပြီး တခုခုဖြစ်သွားတာလား...

ထွဋ်ဦးထင်ရဲ့အခုပုံစံ သူ့ကိုကြိုက်နေတာများလား...
အို.....မဖြစ်နိုင်တာ ထွဋ်ဦးထင်မှာ ချစ်ရမယ့်မိန်းကလေးတွေများနေတာ မဖြစ်နိုင်ပါဘူး....

Kham(ခမ္း) (completed)Tempat cerita menjadi hidup. Temukan sekarang