Part-24(Uni)

8.4K 835 52
                                    

      ထွဋ်ဦးထင် ခမ်းကိုလှည့်ကြည့်လိုက်တော့ ခမ်းကမျိုးမြင့်မြတ်ကိုပဲကြည့်နေသည်။ ထွဋ်ဦးထင် ဘာဆက်ပြောရမလဲမသိ။

"မျိုးမြင့်မြတ် မင်းမဟုတ်တာတွေပြောမနေနဲ့...
ကိုထွဋ်နဲ့ငါတို့ကမောင်နှမအရင်းလို့နေလာတာ..."

"အဲ့တာ မင်းရဲ့အမြင်လေ...
ထွဋ်ဦးထင်အဲ့လိုစိတ်ထားနိုင်ပါ့မလား..."

ညိုမောင်ကယုံကြည်ပေးတာမို့ ထွဋ်ဦးထင်အခုမှအပူလုံးကျတော့သည်။ ဒါပေမယ့် သူ့ကိုသိက္ခာချနေတဲ့မျိုးမြင့်မြတ်ကြောင့် ထွဋ်ဦးထင်ဒေါသတွေကိုမထိန်းနိုင်တော့။

အရှေ့ကနေသူတော်ကောင်းဟန်ဆောင်နေတဲ့်မျိုးမြင့်မြတ်ကိုဆွဲထိုးရန် ခြေလှမ်းပြင်ရုံရှိသေး မျက်စိရှေ့တင် လွင့်စင်သွားတဲ့မြေမှုန့်များကြောင့် ခြေလှမ်းကိုနောက်ဆုတ်မိသည်။

"ခမ်း..."

"ကဲဟာ မဟုတ်တာတွေပြောဦး...
အမျိုးယုတ် မကောင်းတဲ့ကောင်..."

"ဟာ မင်း အဟွတ် ဟွတ်..."

မြေမှုန့်တွေကိုလက်နဲ့ယူပြီး ပစ်ပေါက်နေတာကြောင့် မျိုးမြင့်မြတ်မျက်နှာတစ်ခုလုံးညစ်ပတ်သွားကာ မျက်လုံးထဲဝင်သွားတာကြောင့် မျက်လုံးကိုပွတ်နေသည်။

ခမ်းရဲ့အပြုအမူကို ထွဋ်ဦးထင်မှာအကြောင်သားရပ်ကြည့်နေမိသည်။

"ခွေးလိုကောင်...
ထွဋ်ဦးထင်ကလူ ခင်ဗျားကခွေးတိရစ္ဆာန်ကောင်..."

"မင်း တော်တော့!...
မတော်သေးရင် ငါလက်ပါမိလိမ့်မယ်..."

"ငါ့ကလေးကိုထိရဲထိကြည့်..."

မျိုးမြင့်မြတ်မျက်လုံးကိုပွတ်ပြီးရှေ့တိုးလာတာကြောင့် ထွဋ်ဦးထင် ခမ်းအရှေ့ကနေဝင်ရပ်လိုက်သည်။

"ကျွန်တော်ဒီကောင့်ကိုသတ်မယ် ကိုထွဋ်...
ဒီလိုကောင်မျိုးနဲ့ရည်ငံမိတဲ့ဟိုခွေးမကိုလည်းသတ်မယ်..."

"စိတ်ကိုထိန်း ညိုမောင်...
မင်းလိုကောင်ကမွေးမလာသင့်ဘူး...
မင်းအမှားမင်းသိပြီးနောင်တရတဲ့အချိန်ဟာ အရာအားလုံးနောက်ကျသွားပြီ မျိုးမြင့်မြတ်...
ညိုမောင် ဒီလိုခွေးကောင်အတွက်နဲ့မင်းဘဝကိုအဆုံးမခံနဲ့...
ညိုပြာ့အတွက်မင်းရှိနေရမယ်..."

Kham(ခမ္း) (completed)Where stories live. Discover now