Part-13(Uni)

9.1K 868 52
                                    


"ထွဋ်ဦးထင် မလာတာကြာပြီ အလုပ်ရှုပ်နေတာလားဒါကာလေး..."

"တင်ပါ့ဘုရား..."

ထွဋ်ဦးထင်ပြန်ဖြေပြီး ဘုန်းဘုန်းကိုကန်တော့လိုက်သည်။

"အလုပ်တွေရောအဆင်ပြေလား..."

"အဆင်ပြေပါတယ် ဘုရား...
ပန်းတွေလည်းရောင်းရပါတယ်...
အခု ပန်းလာပို့ရင်းဘုန်းဘုန်းဆီကအဆောင်လက်ဖွဲ့လေးလာတောင်းတာပါ..."

"ဘာလုပ်မလို့လဲကွ...
ဘုန်းဘုန်း မင်းကိုပေးထားတယ်မဟုတ်ဘူးလား...."

"တင်ပါ့ ဘုရား...
တပည့်တော်ကြိုးကရှိပါတယ်ဘုရား...
အခုက တပည့်တော်အိမ်မှာရောက်နေတဲ့ကလေးအတွက်ပါဘုရား..."

"အေး မင်းအိမ်ကိုကလေးတစ်ယောက်ရောက်နေတယ်ဆိုတာတော့ကြားတယ်...
ကလေးကဘာဖြစ်လို့လဲ?..."

"ကြီးကြီးကျယ်ကျယ်ရယ်တော့မဟုတ်ပါဘူး ကလေးကနည်းနည်းလေးကျန်းမာရေးလေးချူချာချင်သလိုရှိလို့ ဘုန်းဘုန်းဆီက အဆောင်ကြိုးလေးလာတောင်းတာပါဘုရား..."

ထွဋ်ဦးထင်လျှောက်လိုက်တော့ ဘုန်းဘုန်းက အနီရောင်ကြိုးလေးကိုကိုင်ပြီး ပြန်ကြွလာသည်။

"ကလေးလည်ပင်းမှာဆွဲပေးလိုက်..."

"တင်ပါ့ ဘုရား..."

ထွဋ်ဦးထင် ဘုန်းဘုန်းဆီကလက်ခံယူလိုက်တော့ ထွဋ်ဦးထင်လည်ပင်းက ဆွဲကြိုးလေးက အပြင်ကိုကျလာသည်။ ကြိုးအနီနဲ့ရစ်ပတ်နေတဲ့ရွှေဆွဲကြိုးမှာချိတ်ဆွဲထားတဲ့ လက်စွပ်ကလေးကတဖျက်ဖျက်လက်နေသည်။

"ဒီလက်စွပ်လေးက..."

ထွဋ်ဦးထင်ပြန်ထိုင်လိုက်တော့ ဘုန်းဘုန်းက ထွဋ်ဦးထင်လည်ပင်းဆီကလက်စွပ်လေးကိုကြည့်ပြီးမေးလာသည်။

"တင်ပါ့..
ဒါ တပည့်တော်လက်ဆောင်ရထားတာပါ ဘုရား..."

မဖြစ်နိုင်တာ ဒီလိုလက်စွပ်မျိုးက၂ကွင်းရှိနိုင်ပါ့မလား...

"ဘယ်သူ့ဆီကများလဲ?..."

"တပည့်တော်အိမ်က..."

"ဘုန်းဘုန်းဘုရား အောက်မှာသဲကားရောက်နေပါတယ်ဘုရား..."

ထွဋ်ဦးထင်စကားမဆုံးသေးမှာဘဲ ဦးလေးတစ်ယောက်က သဲကားလာတယ်ဆိုပြီး ဘုန်းဘုန်းလျှောက်လာသည်။

Kham(ခမ္း) (completed)Donde viven las historias. Descúbrelo ahora