Part-1(Uni)

28.1K 1.2K 8
                                    


"ဝှား!!!..."

နေ့တနေ့ရဲ့အစဦးဆုံးအချိန် မနက်ခင်းကိုရောက်လာပြီပဲ...
ခေါင်းရင်းဇီးပင်ပေါ်က ကြက်ဖရဲ့တွန်သံကြောင့် ထွဋ်ဦးထင်တစ်ယောက် တဝါးဝါးသမ်ြး်းပြီး နိုးထလာခဲ့သည်။

သူ့လိုတကိုယ်တည်းလူပျိုကြီးအတွက် မနက်စာထမင်းထချက်ပေးမယ့်သူလည်းမရှိတာကြောင့် ၅နာရီလောက်ထပြီး မနက်စာအတွက် ထမင်းထချက်ရသည်။ ၅နာရီဆိုသည့်အချိန်ကား လူသူကွဲအောင်လည်းမမြင်ရပေ။

အိမ်ထဲကမီးတွေကိုထိန်အောင်ဖွင့်လိုက်ပြီး ထွဋ်ဦးထင်တယောက် မျက်နှာသစ်ရန် တံခါးကိုဖွင့်လိုက်သည်။ သူအိမ်သည်ကား တစ်ထပ်တိုက်ပုလေးဖြစ်ကာ တံခါးရှေ့မှာတော့ ပန်းအိုးလေးများစီးတန်းထားသည်။

"ရွှတ် ရွှတ် ရွှတ်..."

တံခါးဖွင့်လိုက်တယ်ဆိုရင်ဖြင့် ငိုသံကိုကြားလိုက်ရတာကြောင့် အပြင်ကိုထွက်မယ့် ထွဋ်ဦးထင်တယောက် ခြေလှမ်းကိုရပ်တန့်လိုက်သည်။

ဒီအချိန်ကြီးငိုသံကြားနေရတာ ထူးတော့ထူးဆန်းသည်။ တသက်နဲ့တကိုယ် ဒီအိမ်မှာနေလာတာ ဘာသံမှမကြားဖူးပေ။
သရဲခြောက်တာများလား...

ထွဋ်ဦးထင်အတွေးများစွာနဲ့ အသံကိုလစ်လျူရှုလိုက်ပြီး တံခါးကိုဖွင့်ကာ စီးမယ့်ဖိနပ်ကိုခြေထောက်နဲ့လိုက်စမ်းလိုက်သည်။

အရေးထဲမှ လမ်းမီးကိုဖွင့်ဖို့မေ့ခဲ့တာပဲ...

ထွဋ်ဦးထင် ခြေထောက်နဲ့လှမ်းစမ်းနေရင်း သူထိမိသည့်က ပျော့အိအိအရာတစ်ခု...
ဆက်စမ်းလိုက်တော့ ထိုပျော့အိအိအရာကိုပဲစမ်းမိသည်။ သူပဲစိတ်ထင်လို့လားမသိ ငိုသံကိုနည်းကပ်စွာကြားနေရသလိုခံစားရသည်။

"ရွှတ် ရွှတ်..."

မဖြစ်တော့ ငိုသံကနည်းနည်းကပ်ကပ်ကိုကြားနေရသည်။ ထွဋ်ဦးထင်လည်း အိမ်ထဲအမြန်ဝင်ကာ မီးကိုမဖွင့်သေးဘဲ ဓာတ်မီးယူကာပြန်ထွက်လာလိုက်သည်။

ဓာတ်မီးဖြင့်ဖွင့်ပြီးကြည့်လိုက်တော့...

"ဟင်..."

ပန်းအိုးတွေတင်ထားတဲ့ဘောင်ကိုမှီပြီး ထိုင်နေတဲ့နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် ထွဋ်ဦးထင် ဟင်ခနဲဖြစ်သွားသည်။ သူဓာတ်မီးထိုးလိုက်တော့ ကောင်လေးက မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းအိမ်ဖြင့် သူ့ကိုမော့ကြည့်လာသည်။
ဒီကောင်လေးက သူ့အိမ်ရှေ့ကိုဘယ်လိုရောက်နေတာလဲ?...

Kham(ခမ္း) (completed)Donde viven las historias. Descúbrelo ahora