Part-4(Uni)

11.3K 965 41
                                    

    
     ခမ်းတယောက် ထမင်းဟင်းချက်ပြုတ်လို့ပြီးစီးတော့ အဝတ်အစားတွေလျှော်ပြီး ရေချိုးလိုက်သည်။ ထွဋ်ဦးထင်က အရင်နေ့တွေကဆိုန့လယ်စာပြန်စားတတ်သည်။ ဒီနေ့မှာ ခါတိုင်းနေ့တွေထက်နောက်ကျသည်။

ဒီအိမ်ရောက်၎ရက်လောက်ရှိပြီဖြစ်တာကြောင့် ခမ်းအတွက်နည်းနည်းလေးနေသားကျလာသည်။ နေသားမကျစရာအကြောင်းလည်းမရှိ။ အရင်အိမ်ကြီးမှာနေရတာထက်စာရင် ဒီအိမ်လေးမှာနေရတာ သူစိတ်ချမ်းသာသည်။

နေ့စဉ်အိမ်အလုပ်တွေဆိုတာ သူ့အတွက်မပင်ပန်းလှ။ လုပ်နေကျအလုပ်တွေဖြစ်တာကြောင့် ခမ်းအတွက်မပင်ပန်းပေ။

ခမ်း ဗီရိုပေါ်မှာတင်ထားတဲ့ထွဋ်ဦးထင်အင်္ကျီနဲ့ပုဆိုးတွေကိုယူပြီး သေချာလေးခေါက်ပြီး ဗီရိုထဲထည့်လိုက်သည်။ ဗီရိုထဲထည့်ပြီး လမ်းထက်က စကားပြောတဲ့အသံများကြားရတာကြောင့် ထွဋ်ဦးထင်ပြန်လာပြီဟုထင်ကာ အပြင်ကိုကြည့်မိတော့ မြင်လိုက်ရတဲ့လူ၂ယောက်ကြောင့် ခမ်းချက်ချင်းထိုင်ချလိုက်သည်။

ခမ်းအသံမထွက်မိအောင် အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ထားမိသည်။ လက်သီးကိုတင်းတင်းဆုပ်ပြီး မျက်နှာပြင်မှာလည်းချွေးများဒီးဒီးကျနေသည်။

"ကျွီ..."

တံခါးကဂျက်မချထားတာကြောင့် တံခါးကိုတွန်းဖွင့်တဲ့အခါကြားရသည့်အသံ...
တဖြည်းဖြည်း သူ့ဆီသို့လျှောက်လာသည့် ခြေသံ...

ခန္ဓာကိုယ်လေးကိုကျုံ့ထားပြီး ဒူးပေါ်မျက်နှာအပ်ကာ ခမ်းမျက်လုံးကိုမှိတ်ထားလိုက်သည်။

ပျော်ရွှင်စရာအတိမရှိတဲ့ ထိုအိမ်ကြီးအား သူပြန်မသွားချင်တော့...

"ခမ်း..."

နားထဲသို့စီးဝင်လာတဲ့ ဩဩရှရှအသံပိုင်ရှင်ကြောင့် ဆုပ်ထားတဲ့ခမ်းရဲ့လက်သီးဆုပ်ဟာ ပြေလျော့သွားလေသည်။ ရေငတ်နေတဲ့အချိန် ရေအိုင်ငယ်လေးကိုတွေ့လိုက်ရတဲ့အခါ ပျော်ရွှင်သွားတဲ့ခံစားမှုမျိုးဖြစ်သည်။

"ခမ်း မင်းဘာထိုင်လုပ်နေတာလဲ?..."

"ထွဋ်ဦးထင် ရှူး!..."

Kham(ခမ္း) (completed)Where stories live. Discover now