Part-31(Uni)

8.9K 776 29
                                    


"ရွှတ် ရွှတ်..."

အခန်းထဲဝင်ပြီး ပြတင်းပေါက်ကိုကြည့်ကာ ငိုနေတဲ့ခမ်းကို ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့။

"အီး ဖေဖေကြီးဆီသွားမယ် အီး လိုက်ပို့ပေး ဟင့် ရွှတ်..."

"အေးပါကွာ ဦးဦးလိုက်ပို့ပေးပါ့မယ် တိတ်တော့နော်..."

"ထု လိုက်ပို့ အီး...."

လက်ပေါ်မှာတင်လူးလိမ့်နေတဲ့ပူတူးကို ထွဋ်ဦးထင် မနည်းပွေ့ချီထားရသည်။

လွန်ခဲ့သော၃ရက်ကပဲ ခမ်းဖေဖေဆုံးပါးသွားခဲ့သည်။ နေမကောင်းဖြစ်နေတဲ့ခမ်းဖေဖေကို ခမ်းပြုစုခွင့်ရခဲ့ပါသည်။ လွန်ခဲ့သည့်တပတ်လုံးလုံး ဆေးရုံမှာစောင့်ပြီး ကိစ္စအဝဝကို ခမ်းကိုယ်တိုင်ပဲပြုလုပ်ပေးခဲ့သည်။

ဆေးရုံမှာတုန်းကတော့ သိပ်မငိုပေမယ့် အိမ်ပြန်ရောက်တဲ့အခါမှာတော့ အခန်းထဲမှာ တယောက်တည်းထိုင်ပြီး ငိုနေသည်။ ပူတူးကလည်း ဖေဖေကြီးဆီသွားမယ်ဆိုပြီးငိုသည်။ ကလေးသဘာဝအရ မုန့်လေးများကျွေးလိုက်တော့လည်း အငိုရပ်သွားသည်။ တစ်ချက်တစ်ချက် သူအဖေ့ကိုထထမေးသည်။ ထွဋ်ဦးထင် ဘယ်လိုလုပ်ပေးရမလဲမသိတော့။

"ဦးဦးနဲ့မုန့်သွားဝယ်စားမယ်နော် ပူတူးကလိမ္မာပါတယ်..."

"စားဝူး စားဝူး ဖေဖေကြီးဆီသွားမယ် အီး ထု လိုက်ပို့...."

"ပူတူးကလည်းကွာ လိမ္မာပါတယ်....
ဦးဦးနဲ့မုန့်သွားဝယ်စားမယ်နော်..."

ထွဋ်ဦးထင် မုန့်ဆိုင်ကိုခေါ်သွားဖို့ပြင်နေပေမယ့်လည်း ပူတူးကလူးလိမ့်နေတာကြောင့် ဘယ်လိုမှခေါ်သွားလို့မရ။

"ပူတူး...."

ပူတူးကငိုနေတော့ ခမ်းကအခန်းထဲကထွက်ပြီး ပူတူးအနားမှာလာရပ်သည်။

"ဖေဖေကသေသွားပြီ မင်းလိုက်သွားလို့မရဘူး..."

"ဟင့်အင်း ဖေဖေကြီးသေဝူး ဖေဖေကြီးဆီသွားမှာ ဟင့်..."

ထွဋ်ဦးထင်လက်ထဲမှာငိုနေတဲ့ပူတူးကို ခမ်းကလက်လွှဲယူလိုက်ပြီး အောက်ကိုချပေးလိုက်သည်။

"သွားလေ သွား မင်းသွားတတ်ရင်သွား...
ဖေဖေသေပြီလို့ကိုကိုဘယ်နှခါပြောရမလဲ?...
မင်းဆက်ငိုနေမယ်ဆို လမ်းဘေးမှာသွားပြစ်ထားလိုက်မှာနော်...
လမ်းမှာဘာတွေရှိလည်းမင်းသိတယ်မဟုတ်လား...
မင်းကြောက်တဲ့ခွေးတွေရော အကောင်တွေရော မင်းကိုဝိုင်းကိုက်ကြမှာ..."

Kham(ခမ္း) (completed)Tempat cerita menjadi hidup. Temukan sekarang