"မလိုက်ချင်ဘူး...""မလိုက်လို့မရဘူး လာခဲ့..."
ခမ်းကိုယ်လုံးကို ပခုံးကနေအတင်းဆွဲဖက်ပြီး အပြင်ရောက်အောင် ထွဋ်ဦးထင်ဆွဲခေါ်လာခဲ့သည်။
"မင်းကိုအဝတ်အစားချုပ်ပေးဖို့ လာခဲ့..."
"မသွားချင်ဘူး..."
"မသွားလို့မရဘူး လာခဲ့..."
ခမ်းတယောက် ထွဋ်ဦးထင်ဆွဲခေါ်ရာကိုပါလာခဲ့သည်။ ထွဋ်ဦးထင်သွားနေသည်ကတော့ အဝေးကြီးမဟုတ် ဘေးအိမ်ကိုပင်။
"ညိုပြာ ညိုပြာ..."
"သြော် ကိုထွဋ်လာလေ...
ခမ်းပါ ပါတာလား..."ညိုပြာကိုတွေ့တော့ ခမ်းကထွဋ်ဦးထင်လက်မောင်းကိုကိုင်ပြီး အနောက်မှာနေကာကွယ်လိုက်သည်။
"ညိုပြာကမင်းကိုဘာမှမလုပ်ဘူး လာခဲ့..."
ခမ်းရဲ့ပခုံး၂ဖက်ကိုကိုင်ပြီး အရှေ့ကိုပို့လိုက်သည်။ ဒါတောင် ခမ်းကတွန့်ဆုတ် တွန့်ဆုတ်လုပ်နေသေးသည်။ သူ့ကိုတွေတုန်းကကျတော့ ဘာမှမဖြစ်ဘဲ အိမ်မှာတောင်ကပ်နေသေးတာကို။ အခြားလူတွေကိုတွေ့ရင်ဘာလို့ဒီလိုဖြစ်နေရတာလဲ?...
"လာပါ ကျွန်မမကိုက်စားပါဘူး...
လာ ကိုယ်တိုင်းမယ်နော်...""ထွဋ်ဦးထင်..."
ခမ်းက ထွဋ်ဦးထင်လက်ကိုအတင်းဆွဲထားတာကြောင့် ထွဋ်ဦးထင်လက်ကိုဖြုတ်လိုက်သည်။
"ခဏလေးပဲတိုင်းမှာ ဘာမှမဖြစ်ဘူး..."
ဆက်မရုန်းတော့ဘဲ တောင့်တောင့်ကြီးရပ်နေတဲ့ ခမ်း...
ညိုပြာပေကြိုးကို ကိုင်ပြီးအနားကိုလျှောက်လာသည်။ တကိုယ်လုံးကိုတိုင်းနေတဲ့ညိုပြာကြောင့် ခမ်းမရိုးမရွဖြစ်လာသည်။
တောင့်တောင့်ကြီးရပ်နေခမ်းကိုကြည့်ပြီး ညိုပြာအသဲယားကာ ပါးလေးကိုလက်ညှုိးလေးနဲ့ထိကြည့်လိုက်သည်။ သူ့ပါးကိုလာထိတာကြောင့် ညိုပြာကိုငုံ့ကြည့်လာတဲ့ခမ်း...
"အရုပ်လေးကျနေတာပဲ ဟီး....
ခမ်းကချစ်ဖို့ကောင်းလိုက်တာ..."္ကပါး၂ဖက်ကအိအိလေးမို့ ပေါက်စီလေးကိုင်နေတဲ့အတိုင်းပင်။
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......