"ဝလုံး.."
"ပူတူး ဒီနားလာ...
ကိုကိုသင်ပေးမယ်...""ဟုတ်..."
ခမ်းခေါ်လိုက်တော့ ပူတူးကအနားမှာလာထိုင်သည်။
"ကိုကို သားရဲကျောင်းတက်ရှင်ရယ်..."
"တက်ရမှာပေါ့ ပူတူးရဲ့...
ပူတူးကအခုမှာ ၃နှစ်ကျော်ကျော်ပဲရှိသေးတာလေ...
၄နှစ်ပြည့်တာနဲ့မူကြိုထားပေးမယ်နော်...""ဟီး ဟုတ်...
သားကစာရေးရှင်ရာ..."ပြုံးပြနေတဲ့ပူတူးရဲ့ပါးလေးကိုဆွဲဖဲ့လိုက်ပြီး ဝလုံးလေးရေးပြလိုက်သည်။
"ဝလုံး..."
"ညီညီလေးရေးနော်..."
"ဟုတ်..."
"ကိုကိုဟင်းအိုးသွားကြည့်ဦးမယ်...
ပူတူးစာရေးနေနော်...""ဟုတ်..."
ပူတူးကိုထားခဲ့ပြီး ခမ်းဟင်းအိုးကြည့်ရန် မီးဖိုဆောင်ထဲဝင်လာခဲ့သည်။
"အဟင့် အူးဝါး..."
"ဟင် ညီမရေး ညီမရေးနိုးပီ..."
စာရေးနေရာကနေခဲတံကိုချက်ချင်းပြစ်ချပြီး အိမ်ထဲကနေချက်ချင်းပြေးထွက်သွားသည့်ပူတူး...
"ပူတူးချော်လဲမယ်ဖြေးဖြေးသွား.."
"ညီမရေး ညီမရေး..."
ခမ်းမီးဖိုဆောင်ထဲကနေအော်ပြောနေတာကိုပူတူးမှာအရေးမစိုက်အား ညိုပြာတို့အိမ်ပေါ်ကိုအမြန်ကုတ်တက်နေသည်။ ပူတူးလာမှန်းသိတော့ မျိုးမြင့်မြတ်ကလည်းဆင်းချီရှာပါသည်။
လွန်ခဲ့သော၃လကပဲ ညိုပြာကသမီးဦးလေးကိုမွေးဖွားလေသည်။ သမီးလေးဆိုတော့မျိုးမြင့်မြတ်ကတုန်နေအောင်ချစ်သည်။ ညိုမောင်ကလည်းတူမလေးမွေးကတည်းကအိမ်ကပ်သည်ကများသည်။ သူ့တူမကိုစိတ်မချလို့အပြင်သွားရင်တောင် ဖုန်းဆက်ပြီးလှမ်းမေးရတာအမောပင်။ ပူတူးကလည်း ညီမလေး ညီမလေးဆိုပြီးချစ်ရှာသည်။ မျိုးမြင့်မြတ်နဲ့ညိုပြာတို့ရဲ့သမီးလေးကအားလုံးရဲ့အချစ်ခံလေးပါ...
"ခမ်း..."
"ဖွား! ဟာ ဦးထွဋ်...
အသံမပေးဘာမှမပေးနဲ့..."
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......