ထွဋ်ဦးထင် ခမ်းကိုလှည့်ကြည့်လိုက်တော့ ခမ်းကမျိုးမြင့်မြတ်ကိုပဲကြည့်နေသည်။ ထွဋ်ဦးထင် ဘာဆက်ပြောရမလဲမသိ။
"မျိုးမြင့်မြတ် မင်းမဟုတ်တာတွေပြောမနေနဲ့...
ကိုထွဋ်နဲ့ငါတို့ကမောင်နှမအရင်းလို့နေလာတာ...""အဲ့တာ မင်းရဲ့အမြင်လေ...
ထွဋ်ဦးထင်အဲ့လိုစိတ်ထားနိုင်ပါ့မလား..."ညိုမောင်ကယုံကြည်ပေးတာမို့ ထွဋ်ဦးထင်အခုမှအပူလုံးကျတော့သည်။ ဒါပေမယ့် သူ့ကိုသိက္ခာချနေတဲ့မျိုးမြင့်မြတ်ကြောင့် ထွဋ်ဦးထင်ဒေါသတွေကိုမထိန်းနိုင်တော့။
အရှေ့ကနေသူတော်ကောင်းဟန်ဆောင်နေတဲ့်မျိုးမြင့်မြတ်ကိုဆွဲထိုးရန် ခြေလှမ်းပြင်ရုံရှိသေး မျက်စိရှေ့တင် လွင့်စင်သွားတဲ့မြေမှုန့်များကြောင့် ခြေလှမ်းကိုနောက်ဆုတ်မိသည်။
"ခမ်း..."
"ကဲဟာ မဟုတ်တာတွေပြောဦး...
အမျိုးယုတ် မကောင်းတဲ့ကောင်...""ဟာ မင်း အဟွတ် ဟွတ်..."
မြေမှုန့်တွေကိုလက်နဲ့ယူပြီး ပစ်ပေါက်နေတာကြောင့် မျိုးမြင့်မြတ်မျက်နှာတစ်ခုလုံးညစ်ပတ်သွားကာ မျက်လုံးထဲဝင်သွားတာကြောင့် မျက်လုံးကိုပွတ်နေသည်။
ခမ်းရဲ့အပြုအမူကို ထွဋ်ဦးထင်မှာအကြောင်သားရပ်ကြည့်နေမိသည်။
"ခွေးလိုကောင်...
ထွဋ်ဦးထင်ကလူ ခင်ဗျားကခွေးတိရစ္ဆာန်ကောင်...""မင်း တော်တော့!...
မတော်သေးရင် ငါလက်ပါမိလိမ့်မယ်...""ငါ့ကလေးကိုထိရဲထိကြည့်..."
မျိုးမြင့်မြတ်မျက်လုံးကိုပွတ်ပြီးရှေ့တိုးလာတာကြောင့် ထွဋ်ဦးထင် ခမ်းအရှေ့ကနေဝင်ရပ်လိုက်သည်။
"ကျွန်တော်ဒီကောင့်ကိုသတ်မယ် ကိုထွဋ်...
ဒီလိုကောင်မျိုးနဲ့ရည်ငံမိတဲ့ဟိုခွေးမကိုလည်းသတ်မယ်...""စိတ်ကိုထိန်း ညိုမောင်...
မင်းလိုကောင်ကမွေးမလာသင့်ဘူး...
မင်းအမှားမင်းသိပြီးနောင်တရတဲ့အချိန်ဟာ အရာအားလုံးနောက်ကျသွားပြီ မျိုးမြင့်မြတ်...
ညိုမောင် ဒီလိုခွေးကောင်အတွက်နဲ့မင်းဘဝကိုအဆုံးမခံနဲ့...
ညိုပြာ့အတွက်မင်းရှိနေရမယ်..."
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......