"ခမ်း ကိုယ်ပြောမယ် သေချာနားထောင်နော်..."ထွဋ်ဦးထင်ကဘာပြောမယ်မသိတာကြောင့် ခမ်း စိတ်ဝင်တစားနားထောင်နေသည်။
"ကိုယ် ကိုယ်ခမ်းကိုချစ်တယ်..."
"အင်း..."
ဒါ ခမ်းသိနေတာပဲလေ...
ထွဋ်ဦးထင်က ခမ်းကိုချစ်တာ ခမ်းသိတာပေါ့..."ထွဋ်ဦးထင်ဘာပြောချင်တာလဲ?..."
ပြောဖို့ကိုဟန်ပြင်နေတဲ့ထွဋ်ဦးထင် စကားတစ်ခွန်းကိုတော်ရုံနဲ့ထွက်မလာပေ။
မနေနိုင်တဲ့ခမ်းကပဲပြောလိုက်တော့သည်။"ကိုယ်တို့လက်ထပ်ကြရအောင် ခမ်း.."
"ဗျာ...."
ခမ်းတကိုယ်လုံးတောင့်တင်းသွားကာ မျက်လုံးများပင်ပြူးသွားလေသည်။ ထွဋ်ဦးထင်ဆီက ဒီလိုစကားမျိုးမမျှော်လင့်ထားပေ။
"ကိုယ်တို့လက်ထပ်ကြရအောင်..."
"ထွဋ်ဦးထင်..."
"ခမ်းကိုသူများတွေပြောမှာကိုယ်မလိုလားဘူး...
အဲ့တာကြောင့် ကိုယ်တို့လက်ထပ်ရအောင်...""မစောဘူးလား ဦးထွဋ်..."
"မစောပါဘူး နောက်တောင်ကျနေတာ...
ခမ်းကငယ်သေးပေမယ့် ကိုယ်ကအသက်ကြီးသွားမှာလေ...
ကိုယ့်ကိုမသနားဘူးလား...""ဦးထွဋ်..."
ထွဋ်ဦးထင်ပြောလိုက်တော့ ခမ်းမျက်နှာလေးရဲပြီးတဖက်ကိုမျက်နှာလွှဲထားသည်။
"ကိုယ့်ကိုလက်ထပ်မယ်မဟုတ်လားဟင် ခမ်း...
ခမ်း ပြန်ဖြေဦးလေကွာ..."ခမ်းကပြန်မဖြေဘဲ ပြုံးစိစိလုပ်ကာ ခေါင်းကိုသာညိတ်ပြနေသည်။
"ခမ်းသဘောတူတယ်ပေါ့..."
"အင်း..."
ခေါင်းညိတ်ပြပြီး ထွဋ်ဦးထင်ရင်ဘက်ကိုခေါင်းမှီလာတဲ့ခမ်းရယ်ပါ...
"ဟက် ဝမ်းသာလိုက်တာ...
ချစ်လိုက်တာ ခမ်းငယ်ရယ်...""ဦးထွဋ်ကိုလည်းချစ်တယ်..."
"Yayyyyyyyyy!
တို့ကိုထွဋ်ကြီးစွံပြီကွ...""Congratulations ငထွဋ်..."
ESTÁS LEYENDO
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......