Part-21(Uni)

9K 870 44
                                    


"ကိုထွဋ် အထဲကကောင်တွေကိုလက်ပြန်ကြိုးတုတ်ထားတယ်..."

"ဟင်...."

တရုတ်ကြီးရဲ့အသံကိုကြားမှပဲ ထွဋ်ဦးထင် ခမ်းကိုဖက်ထားတဲ့လက်ကိုဖယ်ပေးလိုက်သည်။ တရုတ်ကြီးက အားလုံးကိုလက်ပြန်ကြိုးတုတ်ထားတယ်ဆိုတော့ ထွဋ်ဦးထင်မယုံနိုင်လို့ကြည့်လိုက်တော့ လက်ပြန်ကြိုးအတုတ်ခံရပြီး ကြမ်းပြင်ပေါ်ထိုင်နေသည့်လူ၂ယောက်...

တရုတ်ကြီးဗလအားကိုးနဲ့ကျွေးလိုက်ထင်...

တရုတ်ကြီးကိုလှည့်ကြည့်လိုက်တော့ဝတ်လာသည့်စွပ်ကျယ်အကောင်းက ပြဲသွားကာနံရိုးများတောင်မြင်နေရသည်။

ထိုင်ခုံမှာလည်း ဒေါ်မေသီကနဖူးကိုဖိပြီးထိုင်နေသည်။ စောပြည့်ကတော့ ဦးမောင်ခေါင်းကသွေးတွေကို အရက်ပြန်နဲ့သုတ်ပေးနေသည်။

"ဦးမောင်..."

ခမ်း အိမ်ထဲကိုအမြန်ပြေးဝင်လိုက်ပြီး ဦးမောင်အနားမှာထိုင်ချလိုက်သည်။

"ခမ်း ခမ်း အဆင်ပြေရဲ့လား...
ဘာဖြစ်သွားသေးလဲ?....

"ကျွန်တော်ဘာမှမဖြစ်ဘူး ဦးမောင်...
ဦးမောင်သက်သာရဲ့လား..."

"သက်သာပါတယ် ခမ်းရယ်...
ဦးမောင်က ခမ်းတစ်ခုခုဖြစ်မှာပဲစိုးရိမ်တာ...
အခု ရဲစခန်းကိုဖုန်းဆက်ထားပြီးပြီ...
မကြာခင်သူတို့ကိုလာခေါ်သွားပါလိမ့်မယ်..."

"ခမ်း မေသီတို့ကိုဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါလား သားရယ်...
မေသီတောင်းပန်ပါတယ်..."

"ဟုတ်ပါတယ် ခမ်းရာ...
ငါတို့မင်းအနားကိုယောင်လို့တောင်မလာတော့ပါဘူး..."

ခမ်းဘာမှပြန်မပြောဘဲ ထွဋ်ဦးထင်မျက်နှာကိုသာကြည့်နေသည်။

"ခမ်း သူတို့ကိုထောင်ကျချင်လား..."

"မေသီတို့လောဘစိတ်ကြောင့် ဒီလိုဖြစ်တယ်ဆိုတာကျွန်တော်သိတယ်..."

ခမ်းရဲ့စကားကြောင့် အားလုံးရဲ့အကြည့်တွေက ခမ်းဆီမှာ...

"အမုန်းတွေဆက်မဖြစ်ချင်ဘူး ထွဋ်ဦးထင်..."

ထိုင်နေတဲ့ဘေးရပ်နေတဲ့ ထွဋ်ဦးထင်အနားကပ်ပြီးခမ်းတိုးတိုးလေးပြောလာသည်။

Kham(ခမ္း) (completed)Where stories live. Discover now