Part-9(Uni)

9.4K 847 18
                                    


"ဖေဖေ ကျွန်တော်မနေ့ကခမ်းကိုတွေ့ခဲ့တယ်..."

"ခမ်းကိုတွေ့ခဲ့တယ် ဘယ်မှာလဲ?သား...
ဘယ်မှာတွေ့ခဲ့တာလဲ?..."

"ကျွန်တော်မနေ့ကတာဝန်ကျတဲ့တိုက်နယ်ဆေးရုံကိုသွားတာ..
အဲ့ကအပြန် ကားလမ်းမှာခမ်းကိုတွေ့ခဲ့တာ..."

စောပြည့်က ခမ်းကိုတွေ့ခဲ့တဲ့အကြောင်း ဖခင်ဖြစ်သူအားပြန်ပြောပြလိုက်သည်။ သူဆေးရုံကအပြန်မှာ ခမ်းကိုတွေ့ခဲ့သည်။ သေချာပေါက် ခမ်းမှခမ်းပင်။ သူအသဲယားလို့အမြဲဖဲ့ခဲ့သည့်ပါးဖောင်းဖောင်းလေး၂ဖက်နဲ့အတူ အကြည့်မလွှဲချင်လောက်အောင်လှသည့် မျက်ဝန်းများကသက်သေပင်။ ခမ်းသူ့အနားကဖြတ်သွားရုံနဲ့ လှုပ်ခတ်သွားသည့်နှလုံးသားကလည်း ခမ်းဆိုတာကိုအတိအကျအဖြေပေးနေသည်။

"ဖေဖေလည်း ခမ်းလေးကိုစိတ်ပူနေတာ...
ဘယ်တွေရောက်ပြီး ဘယ်သူတွေနဲ့များနေနေပါလိမ့်...
အခုဆို၁လတောင်ကျော်သွားပြီ...
မမေသီကလည်း ခမ်းကိုရှာမတွေ့သေးဘူးချည်းပဲပြောနေတယ်..."

"အန်တီမေသီမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား ဖေဖေ...
့သူဘယ်လောက်တောင်နှိပ်စက်နေလို့ ခမ်းဒီလိုထွက်ပြေးလည်းမှမသိရတာ..."

"သက်သေမရှိတော့ ဖေဖေတို့လည်းဘာမှလုပ်လို့မရဘူး သား...
ခမ်းကိုရှာတွေ့မှပဲ အကြောင်းစုံကိုသိရမှာ..."

"ဟုတ် ကျွန်တော်တို့အဲ့အနီးအနားတဝှိုက်မှာရှာကြတာပေါ့..."

ဖေဖေနဲ့စကားပြောပြီးသည်နှင့် စောပြည့် အပေါ်ထပ်ကိုတက်လာခဲ့သည်။ ကုတင်ပေါ်မှာထိုင်လိုက်တော့ စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံထဲကကောင်လေးပြုံးပြနေသည်။ ဒီအပြုံးလေးကိုမမြင်ရတာအတော်ကြာပေါ့...

ပါးဖောင်းဖောင်းလေးနီရဲမှာစိုးလို့ မထိရက်မကိုင်ရက်ဖြစ်နေခဲ့တာ...

ငယ်ငယ်ကခမ်းရဲ့အဖွားခေါ်လို့ ဖေဖေခမ်းတို့အိမ်သွားတိုင်း သူအမြဲလိုက်သည်။ ဘာကြောင့်လဲဆို သူ့အဖြေက ခမ်းကိုတွေ့ချင်လို့ဖြစ်သည်။ စကားအမျာျးြားကြီးမပြောတဲ့ခမ်းကို အသဲယားလို့ သူ့ဘက်ကနေစကားအမျာျးြားကြီးပြောခဲ့သည်။ တဖြည်းဖြည်းလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ခမ်းကိုသူချစ်နေပြီဆိုတာသိလိုက်ရသည်။ အဖြူထည်လေးကိုအရောင်မဆိုးချင်တာကြောင့် သူအခုချိန်ထိ ဖွင့်မပြောဖြစ်ခဲ့။

Kham(ခမ္း) (completed)Donde viven las historias. Descúbrelo ahora