"ရွှတ် ရွှတ်..."ခမ်း နေသာတာမို့အဝတ်အစားတွေထုတ်လှန်းနေရင်း ငိုသံကိုကြားနေရသည်။ အဝတ်အကုန်လှန်းပြီးတာနဲ့ ခမ်းအသံလာရာကိုလျှောက်လာလိုက်သည်။
"ဟင် ညိုပြာ..."
၂ခြံကြားက မန်ကျည်းပင်အောက်မှာငိုနေတဲ့ညိုပြာကိုတွေ့ရတာကြောင့် ခမ်း ပျက်စီးနေတဲ့ခြံစည်းရိုးကိုကျော်ပြီး တဖက်ခြံကိုကူးလာလိုက်သည်။
"ရွှတ် ရွှတ် ခမ်း..."
ညိုပြာကသူအနားရောက်လာတာတော့ မျက်ရည်တွေကိုသုတ်ပြစ်နေသည်။
"ခမ်းဘာဖြစ်လို့လဲ?..."
"ဘာလို့ငိုတာလဲ? ညိုပြာ..."
ခမ်း ညိုပြာနဲ့ခပ်လှမ်းလှမ်းမှာဝင်ထိုင်ပြီးမေးလိုက်သည်။
"ဟင့် ငါ ငါ့ချစ်သူနဲ့လမ်းခွဲလိုက်လို့..."
"အဲ့အတွက်နဲ့ဘာလို့ငိုနေတာလဲ?..."
"ခမ်း နင်နှလုံးသားမရှိတာလား...
ချစ်သူနဲ့လမ်းခွဲတာ မငိုလို့ ငါကရယ်နေရမှာလား...
ငါကသူ့ကိုအရမ်းချစ်တာဟ နင်မသိဘဲမပြောပါနဲ့...""ချစ်သူနဲ့လမ်းခွဲရင်ငိုရတယ်လား..."
"လမ်းခွဲလို့ငိုတယ်ဆိုတာထက် သူနဲ့မတွေ့ရလို့သူ့ကိုလွမ်းလို့ငိုတာ ရွှတ်...
နင့်ကိုပြောလို့လည်းနင်ကဘာမှသိမှာမှမဟုတ်တာ...""ငါဘာလုပ်ပေးနိုင်လဲ?..."
"ငြိမ်ငြိမ်လေးနေပေးတာအကောင်းဆုံးပဲ...
ပြီးရင် ကိုကြီးကိုထမင်းချိုင့်သွားပို့ပေးရဦးမှာ...
နင်လည်းကိုထွဋ်ဆီသွားပို့မှာမဟုတ်လား...""အင်း..."
"ငါဝအောင်ငိုလိုက်ဦးမယ် ပြီးမှအတူသွားမယ် ရွှတ်..."
ပြောပြီး ညိုပြာကဆက်ငိုနေသည်။ ခမ်းလည်း ညိုပြာ့ကိုမနှစ်သိမ့်တတ်တာကြောင့် အိမ်ကိုသာပြန်လာခဲ့သည်။ ထွဋ်ဦးထင်အတွက်ထမင်းချိုင့်ပြင်ဆင်ကာ ထမင်းချိုင့်ကိုဆွဲလို့အိမ်ထဲကထွက်လာလိုက်သည်။
"ညိုပြာ သွားမယ်လေ..."
"အေး အေး..."
ချိုင့်ဆွဲပြီးထွက်လာတဲ့ညိုပြာက အပြင်တောင်မရောက်သေး ယိုင်တိုင်တိုင်ဖြစ်သွားကာ အိမ်တိုင်ကိုကိုင်ထားသည်။
ESTÁS LEYENDO
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......