Part-33(Uni)

8.8K 737 35
                                    

"ပူတူး ကိုကိုဘယ်သွားလဲ?..."

ထွဋ်ဦးထင် အိမ်ပြန်လာတော့ ခမ်းကိုမတွေ့ရတာကြောင့် အိမ်ထဲတယောက်တည်း ကားရုပ်လေးတွေနဲ့ဆော့နေသည့် ပူတူးကို ထွဋ်ဦးထင်မေးလိုက်သည်။

"အခန်းထဲမှာ ဖေဖေ...
အိပ်နေရယ်..."

"ဟုတ်လား ဘာလို့အိပ်နေတာလဲ? သား.."

"မနေကောင်းရို့နေမှာပေါ့..."

နေမကောင်းဖြစ်နေတယ်ဆိုတာကို သူသိသလိုလေးပြောလာတဲ့ပူတူးကြောင့် ထွဋ်ဦးထင်အသဲယားကာ ပါးလေးကိုဆွဲဖဲ့လိုက်သည်။

"ထမင်းစားပြီးပြီလား ပူတူး..."

"နိုး! ဖေဖေရာမှအတူစားမယ်ရဲ့ တိုတိုက..."

"ဟုတ်လား အဲ့တာဆိုဖေ့သားလေးဗိုက်ဆာနေမှာပေါ့..."

"နည်းနည်း.."

"ဟုတ်ပါပြီ...
အဲ့တာဆို ဖေရေအမြန်ချိုးလိုက်ဦးမယ်နော်..."

"ဟုတ်..."

ထွဋ်ဦးထင်အခန်းထဲဝင်လာတော့ ခမ်းကကုတင်ပေါ်မှာလှဲနေသည်။ လှဲနေသည်ကကွေးကွေးလေးပင်။

"ခမ်း နေမကောင်းဘူးဆို..."

နဖူးလေးကိုစမ်းပြီးအနားမှာဝင်ထိုင်တော့ ခမ်းကကုန်းထလာသည်။

"ကောင်းပါတယ် ထွဋ်ဦးထင်မလာသေးလို့စောင့်နေတာ..."

"မျက်နှာလေးက ဘာလို့စိတ်မကောင်းဖြစ်နေတဲ့ပုံပေါက်နေရတာလဲ?..."

"တကယ်ဘာမှမဖြစ်ပါဘူး...
ထွဋ်ဦးထင်ရေချိုးချင်ရေချိုးတော့လေ...
ကျွန်တော်ထမင်းပြင်ပေးထားမယ်..."

"အင်းအင်း..."

ထွဋ်ဦးထင်အင်္ကျီချွတ်ပြီး ရေချိုးဖို့ပြင်သည်။ ခမ်းကတော့ ထွဋ်ဦးထင်အတွက်ထမင်းပြင်နေသည်။ ပူတူးကလည်း တန်းလျားခုံမှဝင်ထိုင်ပြီး ထမင်းစားဖို့အဆင့်သင့်စောင့်နေသည်။ ထွဋ်ဦးထင် သနပ်ခါးရေကျဲပွတ်လိုက်ပြီး ခုံမှာဝင်ထိုင်လိုက်သည်။

"ဖေ့သားကဆာနေပြီလား..."

"ဟုတ်..."

ငါးဥေကြော်ကိုခမ်းကဦးဖယ်ထားတာကြောင့် ငါးဥလေးနဲ့ထမင်းနဲ့ ပူတူးကိုခွန့်ကျွေးလိုက်သည်။

Kham(ခမ္း) (completed)Where stories live. Discover now