"ညိုမောင် မင်းဆိုင်ကယ်ကဘာဖြစ်တာလဲ?..."ထွဋ်ဦးထင် ခမ်းဆီလိုက်သွားဖို့ မနက်ကတည်းကအစောကြီးထပြီး ဆိုင်ကယ်ပြင်နေတဲ့ညိုမောင်အနားမှာရပ်စောင့်နေတာကြာပြီဖြစ်သည်။
"မရလောက်ဘူးထင်တယ် ကိုထွဋ်...
ဆိုင်ကယ်ကနှိုးလို့ကိုမရတာ...""အဲ့တာဆိုင်ပို့ပါလားကွာ...
၈နာရီထိုးနေပြီ...""ဆိုင်ကယ်ပြင်ဆိုင်ကိုပို့မှပဲရမှာ...
ပြင်တာလဲတာနဲ့ဆို၂နာရီလောက်တော့ကြာမှာ...""၂နာရီတောင်...
ဟာ အဲ့လောက်ထိမစောင့်နိုင်ဘူး...
ကယ်ရီသွားငှားပေးစမ်းပါကွာ...""ကိုထွဋ်ကဘာတွေအရေးကြီးနေတာလဲ?...
ဘယ်သွားမလို့လဲ?...""ငါအရေးတကြီးသွားစရာရှိလို့ ပြန်လာမှမေး ကယ်ရီမြန်မြန်သွားငှားပေး..."
"ဟုတ် ဟုတ်..."
ညိုမောင်လည်း အရေးတကြီးဖြစ်နေတဲ့ကိုထွဋ်ကြောင့် ကယ်ရီငှားဖို့အမြန်ထွက်လာခဲ့သည်။
ထွဋ်ဦးထင် ညိုမောင်ပြန်အလာကို ခြံရှေ့ကနေရပ်စောင့်နေလိုက်သည်။ ခဏကြာတော့ ညိုမောင်ပြန်ရောက်လာသည်။
"မရခဲ့ဘူး ကိုထွဋ်...
မြို့ထဲသွားတဲ့သူက သွားကုန်ကြပြီ..""ကျစ် ဘယ်လိုလုပ်ရမလဲကွာ...
သွားဖို့ကနောက်ကျနေပြီ...""ကိုထွဋ် ကိုတရုတ်ကြီးနဲ့ဆိုရင်တော့..."
"သူ့ဆိုင်ကယ်ပျက်နေတယ်ဆို..."
ု"ပြင်ထားပြီးပါပြီ ကိုထွဋ်ရဲ့...
ဖွတ်ကျွတ် ဖွတ်ကျွတ်နဲ့ရောက်သွားမှာပေါ့...""အဲ့တာဆိုလည်း ငါတို့ခြံထဲသွားကြတာပေါ့..."
ထွဋ်ဦးထင် ခြေလှမ်းအကျယ်ကြီးတွေနဲ့ ခြံထဲကိုလျှောက်လာလိုက်သည်။ ခမ်းကိုပြန်ခေါ်လာပြီးရင်တော့လည်း ဆိုင်ကယ်ကိုမောင်းတတ်အောင်သင်ရမည်။ အရေးကြုံရင် ဆိုင်ကယ်မစီးတတ်တော့ အရမ်းဒုက္ခရောက်သည်။နောက်ပိုင်းခမ်းနဲ့အပြင်လျှောက်လည်မယ်ဆို ဆိုင်ကယ်လေးတစ်စီးလောက်ရြှိမှဖစ်မည်။
အတွေးတွေနဲ့ပဲ ထွဋ်ဦးထင် ခြံထဲကိုရောက်သည်။
"ကိုထွဋ် ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာလဲ?..."
ВЫ ЧИТАЕТЕ
Kham(ခမ်း) (completed)
Любовные романы'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......