"ခမ်း ခမ်းရေ ထတော့လေ...
မနက်၈နာရီထိုးနေပြီ...""ခေါင်းကိုက်တယ်..."
"ဟုတ်လား အတော်ကိုက်နေလား...."
"ဟုတ်..."
နှုတ်ခမ်းများခြောက်ပြီး ဖြူဖတ်ဖြူရော်နဲ့ခမ်းပုံစံကဖျားနေသည်ပုံ။ ညကပြတင်းပေါက်ဖွင့်ပြီူအိပ်လိုက်လို့ဖျားတာများလား....
"ဟုတ်ပြီ ဟုတ်ပြီ ခဏလေးလှဲနေလိုက်နော်...
ခမ်းမျက်နှာသစ်ဖို့ကိုယ်ရေဇလုံသွားယူလိုက်ဦးမယ်နော်..."ခမ်းကခေါင်းညိတ်ပြတာကြောင့် ထွဋ်ဦးထင်အခန်းထဲကအမြန်ထွက်ပြီး ရေဇလုံယူလိုက်ပြီး သဘက်တစ်ထည်ထည့်လိုက်သည်။
"ခမ်း ခဏထိုင်ဦး...
မျက်နှာသစ်ပေးမလို့..."ထူပေးလိုက်တော့ ခမ်း ဖြေးဖြေးချင်းထလေသည်။ ထွဋ်ဦးထင် သဘက်ကိုရေဇလုံထဲထည့်ကာ ညှစ်ပြီး ခမ်းမျက်နှာကိုသုတ်ပေးနေသည်။
"ကိုယ်ကလေးလေးအတော်ကိုက်နေလားဟင်..."
"အင်း..."
"အဲ့တာကြောင့် ဘီယာဘူးကိုမသောက်ပါနဲ့ဆိုတာကို..."
"ဦးထွဋ်ကလည်း..."
ကွဲကွဲရှရှအသံနဲ့ပြောလာတဲ့ကောင်လေးက အသံနာနေသည့်ပုံ။ စိတ်တိမ်းတိမ်းဖြစ်နေသည့်နှုတ်ခမ်းမွှေးလေးတွေနဲ့ ခမ်းကလူပျိုပေါက်စလေးဖြစ်လာပြီ။ ထွဋ်ဦးထင်မျက်လုံးထဲတော့ ခမ်းကကလေးလေးတစ်ယောက်လိုပဲဖြစ်နေသည်။
"ဦးထွဋ်ကမလဲဘူး ထိုင်နေတာ...
လူကြီးကမသောက်နဲ့ဆိုမသောက်နဲ့ပေါ့...
ဟိုကောင်တွေကသောက်နေကျဆိုတော့ဘာမှမဖြစ်ဘူး ခမ်းကအခုမှငယ်ငယ်လေးရှိသေးတာ ဘီယာသောက်ပြီးဗိုက်ပူလာမှဟုတ်ပေးဖြစ်နေမယာ..."ထွဋ်ဦးထင်ပြောတော့ ခမ်းကမျက်လုံးလေးဝိုင်းပြီးကြည့်နေသည်။ ခမ်းကစိတ်ဝင်တစားနားထောင်နေတာကြောင့် ထွဋ်ဦးထင်ဆက်ပြောလိုက်သည်။
"ထွန်းအောင်ကိုတွေ့လား ဒီကောင်ငယ်ငယ်လေးပဲရှိသေးတာ ဗိုက်ကပူနေပြီ...
ဘာလို့လဲသိလား ဘီယာသောက်လို့ ဘီယာသောက်ရင်ဗိုက်ပူရော...""ဟုတ်လို့လား..."
သူ့ဗိုက်လေးကိုပြန်လှန်ကြည့်ပြီး ပြောနေပုံလေးက တကယ့်ကိုချစ်စရာလေးပင်။
ခမ်းဖြစ်နေတဲ့ပုံလေးကိုကြည့်ပြီးအသဲယားတာကြောင့် ထွဋ်ဦးထင်ဆက်စလိုက်သည်။
KAMU SEDANG MEMBACA
Kham(ခမ်း) (completed)
Romansa'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......