Part-17(Uni)

8.9K 802 50
                                    

"မလိုက်ဘူး ရွှတ် မလိုက်ဘူးနော်..."

"ခမ်း ဘာဖြစ်တာလဲ?..."

"မလိုက်ချင်ဘူး ရွှတ် ရွှတ် မခေါ်နဲ့ ရွှတ်..."

ခမ်းကိုယ်လေးကိုဖက်ထားလိုက်တော့ သူရင်ဘက်ကိုမျက်နှာအပ်ပြီးငိုနေသည့်ခမ်း...

"ဦးထွဋ် မလိုက်ဘူးနော် ရွှတ်..."

"အေးအေးမလိုက်ရဘူး ခမ်းကိုပြန်မထည့်ပေးဘူးနော်..."

"တကယ်နော်..."

"တကယ်ပေါ့...
မငိုရဘူးနော် တိတ် တိတ်..."

ထွဋ်ဦးထင် ခမ်းခေါင်းလေးကိုပွတ်ပေးလိုက်တော့ ခမ်းငြိမ်ကျသွားသည်။ မနေ့ကခြံထဲကပြန်လာပြီးကတည်းက ခမ်းကသူ့အနားပဲကပ်နေသည်။ သူ့ကိုပြန်လွှတ်မှာကိုကြောက်နေသည်ထင် ခမ်းကသူ့အနားမှာပဲကပ်နေသည်။ နေ့လယ်ဘက်လည်းသူခြံထဲပြန်မသွားဘဲအိမ်မှာပဲနေပေးနေရသည်။

"ဗိုက်ဆာတယ်..."

"နေ့လယ်ကတည်းကအိပ်ထားတော့ ဗိုက်ဆာနေရောပေါ့...
စားကြမယ်လေ..."

"ခွံ့ကျွေး.."

"ဟင်..."

"ခွံ့ကျွေးပါ ကျွန်တော့်ကို...."

"ကလေးလည်းမဟုတ်ဘဲနဲ့..."

"မကျွေးချင်ဘူးလား..."

ခါးကိုဖက်ထားရင်း မျက်လုံးလေးဝိုင်းကာမော့ကြည့်လာတဲ့ကလေးငယ်ကြောင့် ထွဋ်ဦးထင်တို့တောင့်ခံမထားနိုင်တော့ပေ။

"ဟုတ်ပါပြီ ကိုယ်ခွံ့ကျွေးပါ့မယ်...
ဘာနဲ့စားမှာလဲ?..."

"ငပိရည်နဲ့...
ဆီလေးစမ်းပြီး အသားခြောက်လေးနဲ့..."

"Ok Ok ကိုယ်ထမင်းသွားနယ်ခဲ့မယ်နော်...
အပြင်မှာစားမလား အခန်းထဲမှာစားမလား..."

"အပြင်မှာပဲစားမယ်...
အပင်အောက်မှာ..."

"ဟုတ်ပြီ အဲ့တာဆိုသွားရအောင်လေ..."

ခမ်းကခေါင်းညိတ်ပြပြီး ထသွားလေသည်။ ထွဋ်ဦးထင်လည်း ခမ်းပြောတဲ့အတိုင်းထမင်းသွားနယ်ပေးလိုက်သည်။

ထမင်းနယ်ပြီးတာနဲ့ အသားခြောက်ကိုပန်းကန်ထဲထည့်ပြီး ခမ်းရှိရာ သစ်ပင်အောက်ကိုသွားလိုက်သည်။ ခေါင်းရင်းကုက္ကိုလ်ပင်အောက်မှာ ထွဋ်ဦးထင်စင်လေးထိုးပေးထားတာကြောင့် ခမ်းကထိုအပင်လေးအောက်မှာအမြဲထိုင်တတ်သည်။

Kham(ခမ္း) (completed)Where stories live. Discover now