"ငါတိုက်တာအဝသောက်ကြ..."မျိုးမြင့်မြတ်ရဲ့စကားအဆုံး ခွက်ချင်းတိုက်သံများနဲ့အတူ ဘေးသို့လွင့်စင်သွားသည့် ဘီယာဘူးအခွံများ...
"ကိုမြတ်တို့ဒီညဒီမှာအိပ်မှာလား..."
"အေးပေါ့ကွ ငါ့မိန်းမအိမ်မှာအိပ်မှာပေါ့..."
"အဟမ်း အဟမ်း..."
ဘေးဝိုင်းက ညိုမောင်ရဲ့ချောင်းဟန့်သံကြောင့် မျိုးမြင့်မြတ်ချက်ချင်းအသံတိတ်သွားသည်။
"ဟ ကိုမြတ် မိန်းမရတာတောင်မကြာသေးဘူး ယောက်ဖကိုကြောက်နေတာလား..."
"မူးရင်လည်းတိတ်တိတ်နေ...
ယောက်ဖငြိုငြင်လို့ဒီမှာမအိပ်ရဘဲနေဦးမယ်...""ကိုမြတ်ကလည်း ကြောက်မနေပါနဲ့ဗျာ...
ယောက်ဖဆိုတာကြောက်ရမယ့်အမျိုးမဟုတ်ဘူး ပြီးတော့ ကိုမြတ်ကကိုညိုမောင်ထက်ကြီးတယ်မဟုတ်ဘူးလား ကြောက်စရာမလိပြေါင်...""တော် တိတ်...
မင်းတို့ပြန်ကြတော့...""ကိုမြတ်ကလည်း ဘာမှတောင်မသောက်ရသေးတာကို..."
"အဲ့တာဆိုတိတ်တိတ်နေပြီးသောက်..."
မင်္ဂလာပွဲပြီးသည်နှင့် ညဘက်တစ်ဝိုင်းတိုက်ခိုင်းသည်မို့ ညိုမောင်တို့အိမ်မှာပဲတစ်ဝိုင်းတည်းကာ တိုက်သည်။ ဘေးမှာတော့ ညိုမောင်ကခြံထဲကအမျိုးသားများကိုတစ်ဝိုင်းတိုက်သည်။
"ခမ်း သောက်လေကွာ..."
"ခမ်းကမသောက်တတ်ဘူး..."
ပဲကြီးလှော်နှိုက်စားနေတဲ့ခမ်းကို ညိုမောင်ကဘီယာဘူးတစ်ဘူးလှမ်းပေးသည်။ ကြားထဲကနေပြီး ထွဋ်ဦးထင်ကထိုဘီယာဘူးကိုဖြတ်ယူထားသည်။
"ကိုထွဋ်ကလည်း တခါတလေပဲသောက်ပါစေ..."
"မရပါဘူး ခမ်းကအူနုလေး မသောက်ရဘူး...
ညိုမောင် မင်းတို့ဘာသာသောက်...""အဟမ်း အဟမ်း..."
"နေပိုင် မင်းလည်းသောက်လေ..."
နေပိုင်က ငါသိတယ်နော် ဆိုတဲ့အကြည့်ကြီးကြီးနဲ့ကြည့်လာတာကြောင့် ထွဋ်ဦးထင် ယူထားတဲ့ဘီယာတစ်ဘူးကို နေပိုင့်ဆီကမ်းပေးလိုက်သည်။
![](https://img.wattpad.com/cover/284907828-288-k72221.jpg)
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......