"ဘာ!! ထွဋ်ဦးထင် မင်းရူးနေလား...
ငါမင်းကိုပြောတာက ခမ်းအပေါ်ကိုလိုတာထက်ပိုပြီးဂရုမစိုက်ဖို့လေ...
အခုလိုကြီးပစ်ထားဖို့ပြောတာမှမဟုတ်တာ...""မသိဘူးကွာ....
ငါလည်းခမ်းကိုမသိချင်ယောင်ဆောင်နေရတာ အရမ်းပင်ပန်းတယ်ကွ...""မင်းကတော့လေ အဲ့တာကြောင့်လူပျိုကြီးဖြစ်နေတာ...
ခမ်းကကလေးသာသာလေ မင်းအခုလိုလုပ်တော့ ကလေးစိတ်ဒဏ်ရာရသွားရင်ဘယ်လိုလုပ်မလဲ?...""မသိတော့ဘူးကွာ..."
ပိန်းလွန်းတဲ့ထွဋ်ဦးထင် နေပိုင်ထုသာထုပြစ်လိုက်ချင်သည်။
နေပိုင်ပြောလိုက်တော့ ထွဋ်ဦးထင်ခေါင်းကိုကုတ်ပြီးထွက်သွားလေသည်။ ကိုယ့်ကိုယ်ကိုဒဏ်ရာပေးနေတဲ့ထွဋ်ဦးထင်ကို နေပိုင်ခေါင်းသာချလိုက်သည်။ တဲထဲမှာထိုင်နေပြီး ပန်းသွားခူးပေးနေတဲ့ထွဋ်ဦးထင်ကိုကြည့်ပြီး ခေါင်းသာခါလိုက်သည်။
"ကိုထွဋ်..."
"သြော် ညိုပြာ ဘာလာလုပ်တာလဲ?..."
"ကိုကြီးအတွက် ထမင်းချိုင့်လာပို့ပေးတာ...
မနက်ကနောက်ကျနေတာနဲ့ထမင်းချိုင့်မပြင်ပေးလိုက်ရဘူး..."ထမင်းချိုင့်လာပို့တာဆိုတော့ ထွဋ်ဦးထင်မျက်လုံးထဲ ချိုင့်လေးဆွဲပြီးခြံထဲကိုလာတဲ့ကောင်လေးကိုပြန်မြင်ယောင်မိသည်။
"ကိုထွဋ် ကိုထွဋ်..."
"သြော် အေး ဘာဖြစ်လို့လဲ?..."
"ဘာမှမဖြစ်ပါဘူး ကိုထွဋ်အတွေးလွန်နေတာလားလို့...
ဒါနဲ့ ခမ်းကိုမတွေ့ပါလား...""ခမ်းလား အိမ်မှာလေ..."
"အိမ်မှာ..."
"အေးလေ ညည်းမတွေ့ဘူးလား..."
"ဟင့်အင်း မတွေ့ပါဘူး...
မနက်ကတုန်းတံခါးတွေပိတ်နေတာတွေ့လိုက်တယ် ခြံထဲကိုလိုက်သွားတယ်ထင်နေတာ...
နေ့လယ်ဘက်လှမ်းကြည့်တော့လည်း တံခါးတွေပိတ်ထားတယ်...""ဟမ်!.."
ထွဋ်ဦးထင် ကြားရတဲ့စကားတွေကြောင့် ခဏမျှတိတ်ဆိတ်သွားသည်။
"ခမ်း ဒီကိုမလာဘူး..."
"ဟင် ညိုပြာလှည့်ကြည့်တော့ တံခါးတွေပိတ်ထားတယ်...
အရင်ကဆိုခြံတံခါးပဲပိတ်တာ အကုန်ဖွင့်ထားတယ်..."
ŞİMDİ OKUDUĞUN
Kham(ခမ်း) (completed)
Romantizm'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......