Part-19(Uni)

8.2K 833 52
                                    


            ထွဋ်ဦးထင်တယောက် မနက်ကတည်းကစောစောထပြီး ရေချိုးလိုက်သည်။ မနက်စာစားပြီးသည်နှင့် ထွဋ်ဦးထင်ခြံထဲကိုထွက်လာခြင်းဖြစ်သည်။ ခြံထဲရောက်သည်နှင့် ထွဋ်ဦးထင် ပထမဆုံးရှာမိသည်က ညိုမောင်ကိုဖြစ်သည်။

အကြောင်းကား...

"ညိုမောင်..."

"သြော် ကိုထွဋ် ကျွန်တော်မြို့ထဲသွားတော့မယ်နော်...
ဘာမှာစရာရှိသေးလဲ?..."

"မှာစရာတော့မရှိပါဘူး...
ငါမင်းနဲ့မြို့ထဲလိုက်မလို့..."

"ဗျာ....
ကိုထွဋ်ဘာဝယ်စရာရှိလို့လဲ?...
ကျွန်တော့်ကိုပဲမှာလိုက်လေ..."

"လျှာရှည်တာကွာ...
မင်းဆိုင်ကယ်ငါတက်လို့ရသေးတယ်မဟုတ်လား..."

"ရပါတယ် ကိုထွဋ်လိုက်မယ်ဆိုလိုက်ခဲ့လေ..."

"အေး..."

ထွဋ်ဦးထင် ညိုမောင့်အနောက်ကနေခွတက်လိုက်ပြီး ပန်းစည်းကိုလက်ကနေကိုင်ထားလိုက်သည်။

"ဒါဆိုင်ကိုပို့ရမှာမလား..."

"ဟုတ် ကိုထွဋ်..."

ပြန်ဖြေပြီး ညိုမောင်က ဆိုင်ကယ်ကိုစမောင်းလေသည်။ ထွဋ်ဦးထင် ခမ်းရဲ့အိမ်ကိုလည်းမသိပေ။ မြို့ထဲရောက်တာနဲ့ခမ်းကိုတွေ့ရလိမ့်မယ်လို့သူယုံကြည်ထားသည်။

မျှော်လင့်ချက်များစွာနဲ့ပဲ ထွဋ်ဦးထင်တယောက် မြို့ထဲကိုလိုက်လာခဲ့သည်။ နာရီအနည်းငယ်မောင်းလာပြီးတဲ့နောက် ပန်းမှာသည့်ဆိုင်ကိုရောက်သည်။

"ဟာ ကိုထွဋ်ပါလိုက်လာတာလား..."

"ဟုတ်တယ် မြို့ထဲကိုလာစရာလေးရှိတာနဲ့..."

ထွဋ်ဦးထင် ပန်းစည်းယူပြီးအထဲဝင်တော့ ဆိုင်ရှင်မိန်းကလေးက ထွဋ်ဦးထင်ကိုနှုတ်ဆက်လာသည်။

"ကိုထွဋ်နဲ့ကိုညိုမောင်ထိုင်ပါဦး...
ကျွန်မအအေးတိုက်ပါရစေ..."

"ရပါတယ် နေရီ...
အကိုတို့မသောက်တော့ဘူး...."

"မဟုတ်တာ ထိုင်ပါဦး..."

နေရီကထိုင်ခိုင်းတာကြောင့် ထွဋ်ဦးထင်နဲ့ညိုမောင်လည်းထိုင်လိုက်ရသည်။ မိနစ်အနည်းငယ်စောင့်ရပြီးနောက် နေရီက ထွဋ်ဦးထင်တို့အတွက် အအေး၂ခွက်ယူလာပေးသည်။

Kham(ခမ္း) (completed)Donde viven las historias. Descúbrelo ahora