"ဘ ဘဘ လား...""ခမ်း ခမ်းလေး..."
ခမ်း ထိုင်နေတဲ့ထိုင်ခုံခြေရင်းဝင်ထိုင်လိုက်သည်။ ခမ်းတွေ့တော့ ဘဘကလည်း ခမ်းရဲ့ခေါင်းလေးကိုကိုင်လာသည်။
"ခမ်း ဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ?..."
"ဘဘ ဘဘကဘာလို့ထွက်သွားတာလဲ? ရွှတ်...
ဖွားက ဖွားက ဘဘကိုအရမ်းလွမ်းနေတာ...""မေမေ့အကြောင်းဘဘုန်းကြားပါတယ်....
ဘဘုန်းလည်း ခမ်းအကြောင်းကိုစုံစမ်းနေတာ...
မေသီ ခမ်းကိုနှောင့်ယှက်သေးလား.."ဘဘကမေးလာတာကြောင့် ခမ်းဖြစ်ခဲ့သမျှအားလုံးကိုပြန်ပြောပြလိုက်သည်။
"မေသီတော်တော်လောဘကြီးတာပဲ...
ဒီလိုမိန်းမမျိုးကိုခေါ်လာခဲ့တာ ဘဘုန်းအမှားပါ..""မဟုတ်ပါဘူး ဘဘအမှားမဟုတ်ပါဘူး...
မေသီတို့လည်း အိမ်ကထွက်သွားပါပြီ...""ခမ်းကို သူတို့တစ်ခုခုလုပ်သေးလား..."
ခမ်းခေါင်းသာခါပြလိုက်သည်။ သူ ဒီအကြောင်းတွေကိုမေ့ထားပြစ်ချင်ပြီ...
"မောင်ထွဋ်နဲ့ဘယ်လိုများဆုံတာလဲ?..."
ဘဘုန်းမေးတော့ ခမ်းကထွဋ်ဦးထင်ကိုလှည့်ကြည့်သည်။
"အဲ့မေသီဆိုတဲ့မိန်းမကခမ်းကိုလူလွှတ်ပြီးလိုက်ဖမ်းခိုင်းတာ ဘဘုန်း...
တပည့်တော်အိမ်ရှေ့မှာခမ်းကလာငိုနေတာ...
အဲ့တာနဲ့တပည့်တော်ခေါ်ထားလိုက်တာ..""သြော် တော်သေးတာပေါ့ မောင်ထွဋ်နဲ့ဆုံလို့...
အခုမောင်ထွဋ်အိမ်မှာပဲနေတာလား...""တင်ပါ့ဘုရား..."
ထွဋ်ဦးထင်ပဲ ဘဘုန်းအမေးကိုပြန်ဖြေသည်။ ခမ်းကတော့ ထွဋ်ဦးထင်ကိုလှည့်ကြည့်ပြီး ပြုံးပြနေသည်။
"ခမ်း...."
ဘဘုန်းခေါ်လိုက်မှပဲ ခမ်း ဘဘုန်းဘက်ကိုမျက်နှာပြန်လှည့်လိုက်သည်။
"ခမ်းကိုဘဘုန်းမေးစရာရှိတယ်...
ထွဋ်ဦးထင် လည်ပင်းမှာဆွဲထားတဲ့လက်စွပ်က ခမ်းကိုဖွားဖွားပေးခဲ့တာမဟုတ်လား..."ဘဘုန်းကသူ့အနားကပ်ပြီးတိုးတိုးလေးမေးလာတာကြောင့် ခမ်းခေါင်းညိတ်ပြလိုက်သည်။
![](https://img.wattpad.com/cover/284907828-288-k72221.jpg)
VOCÊ ESTÁ LENDO
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......