"အဖွားကြီးကလည်း ပူညံပူညံလုပ်နေတယ်...
ဟိုကောင်လေးကလည်းအခုချိန်ထိရှာလို့မတွေ့သေးဘူး...""အဲ့ကောင်လေးကိုမြန်မြန်ရှာတွေ့မှပဲ...
အခုတော့ စားကောင်းခြင်းလည်းမစားရ အိပ်ကောင်းခြင်းလည်းမအိပ်ရ...""ဟုတ်ပါ့ကွာ သူတို့ဘာသာအဖြစ်ရှိရင်သူတို့ဘာသာမရှာဘူး...
ငါတို့ခေါင်းပုံပဲကျတာ...
ရတော့တစ်ပြားနှစ်ပြားနဲ့...""သူ့ဆန်စားမှတော့ ရဲရတော့မှာပေါ့...
ပြောမနေပါနဲ့တော့ကွာ...
ဆက်ရှာရအောင်..."ခမ်း အရှေ့ကနေသွားတဲ့လူတွေပြောသွားတာကိုကြားပြီး ထမင်းချိုင့်ကိုတင်းတင်းကိုင်ထားမိသည်။ ဒီနေ့မှ ထွဋ်ဦးထင်ကလည်းပြန်မစားတာကြောင့် ခမ်းထမင်းချိုင့်လာပို့ပေးခြင်းဖြစ်သည်။
ခမ်း ခမောက်ကို မျက်နှာအုပ်အောင်ဆောငါးထားလိုက်ပြီး နည်းနည်းဝေးဝေးမှ လျှောက်လာလိုက်သည်။ လမ်းကြားနားရောက်သည်နှင့် ခမ်းဆက်မလျှောက်ဘဲ လမ်းကြားထဲဝင်လိုက်သည်။
"ငါတို့အနောက်ကတစ်ယောက်ယောက်ပါလာတာလား..."
"မင်းစိတ်ထင်လို့နေမှာပါကွာ..."
ထိုလူတွေအသံကိုကြားရသေးတာကို ခမ်းသွက်သွက်သာလျှောက်လာလိုက်သည်။ ရွာအပြင်ညောင်ပင်အနားရောက်မှသက်ပြင်းချနိုင်တော့သည်။ ညောင်ပင်အနားကနေနည်းနည်းဆက်လျှောက်လိုက်တာနဲ့ ထွဋ်ဦးထင်ရဲ့ခြံကိုရောက်သည်။ အနောက်ကိုလှည့်ကြည့်လိုက်တော့ ဟိုလူတွေကလည်း ဒီဘက်ကိုလာသည်မို့ ခမ်းညောင်ပင်အနားမှာကွယ်လိုက်သည်။
"ကျွန်မကြောက်တယ် မလာရဲဘူး ကိုမြတ်..."
"လာခဲ့ပါ ညိုပြာရယ် ကိုယ်ကမကိုက်စားပါဘူး...
မနက်ဖြန် လပြည့်ညလေ...
ထွဋ်ဦးထင်တို့ခြံမှာလည်း သောက်စားကြမှာပဲမဟုတ်ဘူးလား...""မနက်ဖြန်ညသောက်စားမယ်လို့ ကိုမြတ်ဘယ်လိုသိတုန်း..."
"ဒီလိုပဲကြားတာပေါ့..."
"ကိုမြတ်ဘယ်လိုကြားလာလဲဆိုတာကျွန်မသိချင်တယ်..."
"မင်းအကိုနဲ့တရုတ်ကြီး ထန်းရည်တွေမှာနေတာကိုယ်ကြားခဲ့လို့ပါ..."
ESTÁS LEYENDO
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......