"ခမ်း ခမ်း နင် နင့်အလုပ်နင်မသိဘူးလား...""ဘာလုပ်ပေးရမှာလဲ? မေသီ..."
ခမ်းပြန်ရောက်ကတည်းက သူတို့အတွက်ထမင်းဟင်းများကိုချက်ပြုတ်ပေးခဲ့သည်။ သူ့ကိုဆူသလိုပြောသည့်စကားများကိုမကြားချင်ယောင်ဆောင်နေခဲ့သည်။ ဒီလိုဒုက္ခတွေကြားထဲကနေလည်း သူလွတ်မြောက်ချင်ပြီ...
"မောင် အဟမ်း နိုင်ထူးတို့အတွက်လက်ဖက်သွားသုပ်ပေးလိုက်..."
"ဟုတ်..."
ခမ်း နိုင်ထူးတို့နဲ့မဆိုင်ချင်တာကြောင့် အလုပ်တွေပြီးတာနဲ့အခန်းထဲမှာပဲဝင်နေရသည်။ ဘာဖြစ်လို့လဲတော့မသိ သူစရောက်ကတည်းက မေသီက ပြောတာဆိုတာကလွဲရင် သူ့ကိုနာအောင်လုပ်ခြင်းမျိုးမရှိပေ။
"မောင်စောပြည့် လာလည်တာလား..."
ခမ်းတို့အပြင်ထွက်လာတော့ ကိုပြည့်အိမ်ထဲဝင်လာတာနဲ့ကြုံသည်။
"ဟုတ် အန်တီမေသီ ခမ်းဆီလာတာ...
ခမ်းတစ်ယောက်တည်းပျင်းနေမှာစိုးလို့...""ကဲ ခမ်း လက်ဖက်ကိုအရင်သွားသုပ်ချည်...
မေသီ မောင်စောပြည့်နဲ့စကားပြောလိုက်ဦးမယ်..."ပြောပြီး မေသီက စောပြည့်ကိုခေါ်ပြီး ဧည့်ခန်းထဲမှာထိုင်နေကြသည်။ ခမ်းကတော့ မီးဖိုတောင်ထဲဝင်ပြီး နိုင်ထူးတို့အတွက်လက်ဖက်သုပ်ပြင်ပေးနေရသည်။
ခမ်း လက်ဖက်သက်သက် ပဲကြီးလှော်သက်သက်ခွဲထည့်ပေးလိုက်သည်။ ဒီလက်ဖက်သုပ်ပန်းကန်ကိုမြင်ရတော့ ခမ်းမျက်လုံးထဲ ထွဋ်ဦးထင်ခြံမှာစားခဲ့သည့်လက်ဖက်သုပ်ကိုပြေးမြင်မိသည်။
ဒီအချိန် အားလုံးတဲထဲဝင်ပြီး ထမင်းစားနေကြတာလား ဒါမှမဟုတ် လက်ဖက်သုပ်သုပ်စားနေကြမလား...
ထွဋ်ဦးထင် ထွဋ်ဦးထင်ကရော သူမရှိတဲ့အချိန် ထမင်းကိုဖြစ်သလိုစားနေမလား...တွေးရင်းနဲ့ ခမ်း သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေမိသည်။
"ခမ်း ဒီနေ့လက်ဖက်သုပ်စားရဦးမှာလား..."
မေသီရဲ့အသံကြားမှပဲ ခမ်းအတွေးတွေလွင့်စင်သွားပြီး ခမ်းလက်ဖက်ပန်းကန်လေးကိုင်ကာ ဧည့်ခန်းထဲကိုဝင်လာလိုက်သည်။
KAMU SEDANG MEMBACA
Kham(ခမ်း) (completed)
Romansa'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......