ထွဋ်ဦးထင် ဗီရိုထဲကအင်္ကျီတစ်ထည်ထုတ်လိုက်တော့ အရင်ကစိုစိစိုစိမှိုနံ့ရချင်သလိုရှိတဲ့ အဝတ်အစားတွေက အခုတော့ ပရုတ်လုံးနံ့လေးကိုသင်းလို့...
အဝတ်အစားတွေကိုလည်း အင်္ကျီသပ်သပ် ပုဆိုးသပ်သပ်ခွဲထားသည်။ သူ့အဝတ်အစားတွေကိုအောက်မှာထားသည်။
ထွဋ်ဦးထင်အင်္ကျီလေးကိုနမ်းလိုက်ပြီး ပြုံးမိသည်။ထွဋ်ဦးထင်ပြုံးနေရင်းက မနေ့ကနေပိုင်ပြောသွားတဲ့စကားတွေကိုနားထဲပြန်ကြားမိတော့ ထွဋ်ဦးထင်မျက်နှာထက်အပြုံးတွေကွယ်ပျောက်သွားသည်။
သူတညလုံးစဉ်းစားပြီးပြီ သူနဲ့ခမ်းကဘယ်လိုမှမဖြစ်သင့်ဘူး...
ခမ်းလို ဘယ်ကလာလို့လာမှန်းမသိတဲ့ကောင်လေးတစ်ယောက်ကို သူဒီလိုစိတ်တွေမဖြစ်သင့်ဘူး...ဒီနေ့ကစပြီး သူ ခမ်းနဲ့ဝေးဝေးနေတော့မယ်...
ခမ်းရဲ့အပြုအမူတွေအောင်မှာ သူသာယာမနေသင့်တော့ဘူး...အဝတ်အစားအမြန်လဲလိုက်ပြီး လွယ်အိတ်ကိုယူကာ ခြံထဲသွားဖို့ပြင်လိုက်သည်။
"ထွဋ်ဦးထင် မနက်စာမစားတော့ဘူးလား..."
ဖိနပ်စီးနေတုန်းရှိသေး ခမ်းကအပြင်ထွက်လာပြီးမေးလာသည်။
"မစားတော့ဘူး ငါခြံထဲမှာစားမှာ..."
"ထမင်းကြော်ကြော်ထားတာကို..."
"မင်းပဲစားလိုက်တော့ ငါသွားတော့မယ်..."
ထိုမျှသာပြောပြီး ထွဋ်ဦးထင်အိမ်ထဲကထွက်သွားသည်။ နာရီကိုလှမ်းကြည့်လိုက်တော့ ၇နာရီခွဲသာရှိသေးသည်။ အရင်ကဆိုထွဋ်ဦးထင်က ၈နာရီကျော်မှသွားတတ်တာကို ဒီနေ့အရေးကြီးကိစ္စများရှိလို့လား...
ခမ်း ခြံတံခါးပိတ်ရန် အပြင်ကိုထွက်လာလိုက်ပြီး ထွဋ်ဦးထင်ရဲ့ကျောပြင်ကိုကြည့်နေလိုက်သည်။ အဝေးရောက်သွားပြီဆိုမှ ခမ်းအိမ်ထဲကိုဝင်လာလိုက်သည်။ ထွဋ်ဦးထင်အတွက် ပြင်ပေးထားတဲ့ထမင်းကြော်ပန်းကန်ကိုသိမ်းလိုက်ပြီး သူစားဖို့အတွက်ပြင်ထားတဲ့ထမင်းကြော်ပန်းကန်ကိုသာစားနေလိုက်သည်။
"အဟွတ် ဟွတ်..."
နေကောင်းခါစဆိုတော့ ချောင်းတော့နည်းနည်းဆိုးနေသေးသည်။ ထမင်းကြော်ကိုအမြန်စားလိုက်ပြီး ထွဋ်ဦးထင်အတွက်နေ့လယ်စာချက်ဖို့ပြင်သည်။
VOUS LISEZ
Kham(ခမ်း) (completed)
Roman d'amour'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......