Part-26(Uni)

8.6K 835 58
                                    

"ညိုမောင် ဒီကိစ္စကိုငါလုံးဝမသိတာပါ...
အခုလည်း အမေတို့ကနင်သဘောတူတာနဲ့လက်ထပ်ပေးဖို့စီစဉ်နေကြပြီ...."

"ငါလုံးဝသဘောမတူဘူး လှသူဇာ...
နင်လည်း ဒီကိုမလာပါနဲ့..."

လှသူဇာကသူနဲ့တွေ့ချင်ပါသည်ဆိုတာကြောင့် ညိုမောင်လာတွေ့ခြင်းဖြစ်သည်။ တွေ့တော့လည်းပြောသည်က သူမအကိုနဲ့သူ့ညီမကိုလက်ထပ်ပေးဖို့ကိစ္စဖြစ်သည်။ သူ့အနေနဲ့ဘယ်လိုမှလက်မခံနိုင်တာကြောင့် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"မဟုတ်သေးပါဘူးဟာ ကိုကြီးကိုယ်စားငါတောင်းပန်ပါတယ်...
အခု ကိုကြီးလည်းသူ့အမှားသူသိနေပါပြီ..."

"ငါဘယ်လိုမှစိတ်မပြောင်းမှာမို့ နင်လည်းမလာပါနဲ့တော့..."

ညိုမောင်ပြောပြီး ခရေပင်အောက်ကနေထွက်လာခဲ့သည်။ လှသူဇာကတော့ ထိုနေရာမှာင်တင်ကျန်နေခဲ့သည်။

"ကိုထွဋ်..."

ညိုမောင်ထွက်သွားသည်နှင့် ကိုထွဋ်ကအနားကိုရောက်လာသည်။

"ညိုမောင်ကသူ့စကားကိုပြင်မှာမဟုတ်ဘူး လှသူဇာ..."

"ကိုထွဋ်နည်းနည်းပါးပါးဝိုင်းပြောပါဦး..."

"ကျွန်တော်လည်းဘာမှမပြောနိုင်ဘူး လှသူဇာ...
အဓိကကတော့ မျိုးမြင့်မြတ်ပဲ...
မျိုးမြင့်မြတ်ကိုယ်တိုင်တောင်းပန်မှပဲဖြစ်လိမ့်မယ်..."

"ဟုတ် ကိုထွဋ်...
ကိုထွဋ်လည်း ညိုမောင်စိတ်ပြေအောင်နည်းနည်းပါးပါးဝိုင်းပြောပေးပါဦးနော်..."

"အင်းပါ..."

ထွဋ်ဦးထင်ခေါင်းသာညိတ်ပြလိုက်သည်။ လှသူဇာလည်း သူ့အကိုသတင်းကြားတာနဲ့ တဖက်ရွာကနေပြန်လာခဲ့သည်ထင်ပါ့။ မျိုးမြင့်မြတ်သာ သန္ဓေယုတ်ပေမယ့် မျိုးမြင့်မြတ်ရဲ့အသိုင်းအဝိုင်းကတော့လူကြီးလူကောင်းဆန်ကြသည်။ အခုလည်း မျိုးမြင့်မြတ်နဲ့ညိုပြာရဲ့အကြောင်းကိုကြားသည်နှင့် မျိုးမြင့်မြတ်မိဘများက မျိုးမြင့်မြတ်ကိုဆူပြီး ညိုပြာနဲ့လက်ထပ်ပေးဖို့စီစဉ်ပေးကြသည်။

ညိုမောင်ကလည်း အားလုံးရှေ့မှာ မျိုးမြင့်မြတ်ကငြင်းထားတော့ အခုထိဒေါသကမပြေသေးပေ။ ကြားထဲက ညိုပြာပဲသနားစရာပင်။ ရှက်လို့ဆိုပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်ပင်။

Kham(ခမ္း) (completed)Where stories live. Discover now