Part-12(Uni)

9.7K 880 53
                                    

"ခမ်း ခမ်း...
တော်သေးတာပေါ့ ရှာတွေ့ခဲ့လို့..."

ထွဋ်ဦးထင် ခမ်းကိုကုန်းပိုးပြီး ခြံထဲဝင်တော့နေပိုင်အပါအဝင်အားလုံးက သူတို့အနားကိုရောက်လာကြသည်။

"ခမ်းအဆင်ပြေရဲ့လား ကလေးကဘာလို့ငိုလာတာလဲ?...."

မကြူကအနားလာပြီး ခမ်းမျက်နှာလေးကိုကိုင်ပြီးပြောလာသည်။

"အထဲရောက်ရင်ဖြေပါ့မယ်ဗျာ...
နေပိုင် ခမ်းကိုကြည့်ပေးပါဦး...
ချောင်းတွေတအားဆိုးနေတယ်..."

ထွဋ်ဦးထင် အခန်းထဲရောက်မှ ခမ်းကိုကုတင်ပေါ်ချပေးလိုက်သည်။ ကုတင်ပေါ်ချပေးလိုက်တော့ ခမ်းကသူ့ကိုမကြည့်ဘဲ တဖက်ကိုလှည့်နေသည်။

"လက်ဖျားတွေအေးစက်နေတာပဲ...
ခမ်းကဘယ်လိုဖြစ်လာတာလဲ?..."

"ဘုရားအနောက်ဘက်မုခ်မှာထိုင်နေတာ...
ငါလည်းခမ်းကိုရှာမတွေ့တာနဲ့ဘုရားပေါ်မှာသွားထိုင်တာ...
ချောင်းဆိုးသံကြားမှကြည့်လိုက်တော့ ခမ်းဖြစ်နေတာ...
သမံတလင်းပေါ်မှာဘယ်အချိန်ကတည်းကထိုင်နေလဲမသိဘူး အေးစက်နေတာပဲ..."

"အဖျားကအကင်းမသေးသေးတာကို အအေးပတ်တော့ပိုဆိုးတာပေါ့...
ဆိုးတယ်နော် ခင်ဗျားလေးကဘာလို့အိမ်ကထွက်သွားတာလဲ?..."

နေပိုင်မေးလိုက်တော့ ခမ်းက ထွဋ်ဦးထင်ကိုလှည့်ကြည့်ပြီး ဘာမှမပြောဘဲတဖက်ကိုလှည့်သွားသည်။

"အဟွတ် အဟွတ်..."

"ချောင်းတွေအရမ်းဆိုးနေတယ် ဒီရက်တောတွင်းအအေးမခံနဲ့...
ညကျမှ ဆေးအိတ်ယူပြီးလာခဲ့မယ်...
ဆိုးတဲ့ကလေးကိုဆေးထိုးအပ်ြ်ကြီးကြီးနဲ့ထိုးရမယ်..."

"ကလေးမဟုတ်ဘူး........ကျွန်တော်က.."

ခမ်းရဲ့စကားကြောင့် အားလုံးအကြောင်သားဖြစ်သွားသည်။

"ဟက်! ချစ်ဖို့ကောင်းလိုက်တာ...
ခမ်း မင်းကိုယ်မင်းသာကလေးမဟုတ်ဘူးပြောတာ မင်းအပြုအမူလေးတွေကကလေးတစ်ယောက်လိုပဲဆိုတာသိရဲ့လား..."

ထွဋ်ဦးထင်က ထရယ်ပြီး ခမ်းပါးကိုဖဲ့ပြီးပြောတာကြောင့် အားလုံးရဲ့အကြည့်တွေက ထွဋ်ဦးထင်ဆီမှာ...

Kham(ခမ္း) (completed)Donde viven las historias. Descúbrelo ahora