Part-27(Uni)

8.5K 798 47
                                    


"ညိုမောင် မင်းခေါင်းမမာစမ်းပါနဲ့...
အရှက်ကွဲစရာရှိ ညိုပြာပဲအရှက်ကွဲမှာ..."

"ကိုထွဋ်ကကျွန်တော့်ကိုဘာလုပ်စေချင်တာလဲ?...
ကျွန်တော်တို့ကိုအရှက်ခွဲခဲ့တဲ့ကောင်ကို ကျွန်တော်ကယောက်ဖအဖြစ်လက်ခံရမှာလား..."

ညိုမောင်လက်မခံလည်းလက်မခံချင်စရာပဲလေ မျိုးမြင့်မြတ်ကအချိုးမှမပြေဘဲ...

ထွဋ်ဦးထင်အခုလိုဝိုင်းပြောပေးနေတယ်ဆိုတာလည်း မျိုးမြင့်မြတ်ကိုချစ်လွန်းလို့မဟုတ်။
ညိုပြာ့အတွက်သာ ပြောပေးနေခြင်းဖြစ်သည်။ လင်ယောက်ျားမရှိဘဲ ညိုပြာဘယ်လိုကလေးမွေးမလဲ?...

မျိုးမြင့်မြတ်လည်းသူ့အမှားသူသိပြီး ခြံထဲကအလုပ်သမားကိုသူမှားကြောင်းပြောသည်။
သူဟာ ခွင့်မလွှတ်သင့်တဲ့လုပ်ရပ်ကိုလုပ်ခဲ့ပေမယ့်လည်း ကလေးအတွက် ဖခင်ဆိုလိုအပ်သေးသည်မဟုတ်ပါလား...

"ငါကကောင်းစေချင်လို့ပြောတာပါ လက်ခံတာ လက်မခံတာကမင်းရဲ့သဘောပဲ...
မျိုးမြင့်မြတ်ကိုသဘောမကျဘူးဆိုလည်း ညိုပြာနဲ့မင်းရဲ့တူ/တူမလေးကိုပြန်ကြည့်ပါ ညိုမောင်..."

ထွဋ်ဦးထင်ပြောလိုက်တော့ ညိုမောင်ကဘာမှပြန်မပြောဘဲ ငြိမ်နေသည်။

"ကျွန်တော်လက်ခံလိုက်ပါ့မယ်..."

"အင်း မင်းဆုံးဖြတ်ချက်မှန်ကန်တယ်...
ငါ ဘုန်းဘုန်းကိုသွားလျှောက်လိုက်မယ်..."

"ကိုထွဋ်ကောင်းသလိုသာစီစဉ်ပါ..."

"အင်းအင်း..."

ညိုမောင်လက်ခံသည်မို့ ထွဋ်ဦးထင်အချိန်ဆွဲမနေတော့ဘဲ ဘုန်းဘုန်းကျောင်းကိုသွားဖို့ပြင်သည်။

"သြော် ကိုထွဋ် ခမ်းကိုပြောပေးပါ...
ဟိုကောင့်ဆီကစာတွေသယ်မလာပါနဲ့တော့လို့..."

"ဘာ! ခမ်းကစာတွေသယ်လာတယ်..."

ညိုမောင်ရဲ့စကားကြောင့် ထွဋ်ဦးထင်ကြောင်မိတာတော့အမှန်ပင်။ ခမ်းက မျိုးမြင့်မြတ်ဆီကစာတွေယူလာတယ်လား။

"ဟုတ်တယ် ကိုထွဋ်...
မျိုးမြင့်မြတ် ညိုပြာ့ကိုပေးတဲ့စာကို ခမ်းသယ်သယ်လာတယ်..."

Kham(ခမ္း) (completed)Where stories live. Discover now