Part-32(Uni)

9.1K 761 41
                                    


"ပူတူး ပူတူးရေ...
ဘယ်ရောက်သွားတာလဲ? ဒီကောင်လေး..."

"ပူတူးဒီဘက်အိမ်မှာ..."

လှမ်းအော်လာသည့် တဖက်အိမ်ကအသံကြောင့် ခမ်း တဖက်ခြံအနားကိုလျှောက်သွားလိုက်သည်။

"ပူတူးကဒီဘက်အိမ်မှာTVကြည့်နေတာ..."

ပြတင်းပေါက်ကနေ မျိုးမြင့်မြတ်ကလှမ်းပြောလာသည်။ အိမ်ထဲကိုလှည့်ကြည့်တော့ ညိုပြာ သူ့အားပြုံးပြပြီး ပူတူးကိုထမင်းခွံ့နေသည်။

"ထမင်းစားနေရာ..."

သူ့လည်းမြင်ရော ပူတူးက မျိုးမြင့်မြတ်အနားလျှောက်လာပြီးပြောသည်။

"ထမင်းစားပြီးရင် ငါလာပြန်ပို့ပေးမယ်...
မင်း ထွဋ်ဦးထင်အတွက်ထမင်းချိုင့်ပြင်နေတာမဟုတ်လား ငါခြံထဲသွားတာနဲ့ယူသွားပေးမယ်..."

မျိုးမြင့်မြတ်တို့ကယူပြီးကတည်းက ညိုမောင်နဲ့အတူနေသည်။ ညီမကိုစိတ်မချတာကြောင့် ညိုမောင်တယောက် ညီမရောယောက်ဖကိုရောအိမ်ခေါ်ထားခြင်းဖြစ်သည်။ မျိုးမြင့်မြတ်ကလည်း မိန်းမနဲ့မခွဲနိုင်တာကြောင့် အတူလာနေလိုက်သည်။ အခုချိန်ထိတော့ ယောက်ဖဖြစ်သူနဲ့မတည့်သေး။

"ကျွန်တော်သွားပို့မှာ..."

"ထွဋ်ဦးထင်ကနေ့လယ်ဘက်မျက်နှာလေးမြင်ချင်တယ်ပြောလို့လား..."

မျိုးမြင့်မြတ်ပြောလိုက်တော့ ခမ်းမျက်နှာလေးပန်းရောင်လေးသမ်းသွားသည်။

"မဟုတ်ပါဘူး...
အဲ့တာဆိုခဏနေပြန်လာခဲ့နော် ပူတူး...
ကိုကိုရေချိုးပေးမို့...
ကျွန်တော်သွားတော့မယ်..."

"ဟုတ်..."

ခမ်း ပူတူးကိုမှာခဲ့ပြီး အိမ်ကိုပြန်လာခဲ့သည်။ ထွဋ်ဦးထင်အတွက် ထမင်းချိုင့်ပြင်ပေးပြီးနောက် ပူတူးပြန်ရောက်လာသည်။

"ဒီမှာထားခဲ့ပြီနော်...
မင်းတို့ညီအစ်ကို၂ယောက် ငါ့ဆိုင်ကယ်နဲ့လိုက်ခဲ့ပါလား..."

"ရပါတယ် မျိုးမြင့်မြတ်သာသွားလိုက်ပါ...
ကျွန်တော်တို့စက်ဘီးနဲ့သွားမှာမို့..."

"သြော် အေးပါ အေးပါ....
အဲ့တာဆို ငါသွားပြီနော်..."

မျိုးမြင့်မြတ်ပြန်သွားတာနဲ့ ခမ်းလည်း ပူတူးကိုအင်္ကျီချွတ်လိုက်သည်။

Kham(ခမ္း) (completed)Tempat cerita menjadi hidup. Temukan sekarang