Part-3(Uni)

12.4K 1K 65
                                    

"အဲ့တာဆို အဲ့ကောင်လေးက ကိုထွဋ်အိမ်ရောက်နေတာပေါ့..."

"အေး ဟုတ်တယ်..."

"ဘာပဲဖြစ်ဖြစ်ပါလေ ကိုထွဋ်အတွက်အဖော်ရတာပေါ့...
အဖော်ရှိတော့ကိုထွဋ်ပျင်းမနေရတော့ဘူးပေါ့..."

"တော်စမ်းပါဟာ ဘယ်ကမှန်းမသိ ဘာကြောင့်ရောက်လာမှန်းမသိတဲ့ဟာကို ငါ့မှာခေါ်ထားရတာနောက်ကျောလုံတာမဟုတ်ဘူး..."

"ကိုထွဋ်ကလေ သူများကိုဆိုမကောင်းမြင်ဖို့ချည်းပဲ...
အဲ့ကောင်လေး ကောင်းသာလား ဆိုးသလား ကျွန်မတို့လိုက်ကြည့်ပေးရမလား..."

မကြူကပန်းတွေကိုတောင်းထဲထည့်ပြီး ပြောနေသည်။ ဘေးကပန်းလာယူသည့်မိန်းကလေးများကလည်း မကြူနဲ့နည်းတူ စပ်စုနေကြသည်။

"နင်ပန်းခူးပေးမှာလား စပ်စုမှာလား...
မြန်မြန်ခူးပေးလိုက် မဟုတ်ရင် သူတို့တွေပန်းရောင်းမကုန်ဘဲဖြစ်လိမ့်မယ်..."

"အို သူ့ဖောက်သည်ကိုယ်ဖောက်သည်နဲ့အကုန်မြန်ပါ့တော်...
ကိုထွဋ်စိတ်ပူစရာမလိုပါဘူး..."

"အောင်မာ ညည်းတို့ကိုဘယ်သူကစိတ်ပူတယ်ပြောလို့လဲ?...
ငါနားညီးလွန်းလို့အမြန်သွားအောင်ပြောနေတာ...
ယူစရာရှိတဲ့လူကလည်းယူ ပေးစရာရှိတဲ့လူကလည်းပေး ပြီးတာနဲ့မြန်မြန်သွားကြ မျက်စိနောက်တယ်..."

"ဟုတ်ပါပြီ ဟုတ်ပါပြီ...
လူပျိုကြီး အဲ့တာကြောင့်မိန်းမမရတာ..."

ထွဋ်ဦးထင် မကြားလောက်ဘူးဆိုမှ မကြူပြောလိုက်သည်။ ရှေ့တင်တော့မပြောရဲ။ လူပျိုကြီးကစိတ်ဆိုးပြီး အလုပ်ဖြုတ်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

"ညိုမောင်..."

"ဟုတ် ကိုထွဋ်..."

"မင်းဘာလုပ်နေတာလဲ?..."

"ကျွန်တော်အခုလေးတင်ပန်းပို့ပြီးပြန်လာတာပါ..."

"ဈေးကိုလား..."

"ဟုတ် ကိုထွဋ်..."

"ပြီးရော ပြီးရော ခဏလောက်တော့နားလိုက်...
ပြီးရင် ဟိုဘက်ရွာကဥက္ကဋ္ဌအိမ်ပန်းသွားပို့ပေးဦး..."

"ဟုတ် ကိုထွဋ်...
ကျွန်တော်သွားပို့ပေးမယ်..."

ထွဋ်ဦးထင် ညိုမောင်ကိုမှာပြီး တဲဆီကိုလျှောက်လာလိုက်သည်။ မိဘတွေအမွေအဖြစ်ချန်ထားခဲ့တဲ့ ဒီခြံကြီးကို ဂန္ဓာပန်းခင်းကြီးအဖြစ်ပြောင်းလဲပြီး စိုက်ပျိုးရေးလုပ်လာတာ အတော်လေးကြာပြီဖြစ်သည်။ ဂန္ဓာမာပန်းများအပြင် နှင်းဆီပင်များကိုလည်းစိုက်ပျိုးထားသေးသည်။ ခြံအဝမှာတော့ သပြေပင်များကိုလည်းစိုက်ထားသည်။ အပင်တွေစိုက်ပျိုးတာကြောင့်ပဲ သူအသက်ရှည်နေသည်ထင်။

Kham(ခမ္း) (completed)Wo Geschichten leben. Entdecke jetzt