"ခမ်း ကိုကြီးအတွက်ထမင်းချိုင့်လေးယူသွားပေးဦးနော်...""ညိုပြာနေမကောင်းဘူးလား..."
ညိုပြာ့မျက်နှာကဖြော့တော့တော့လေးဖြစ်နေတာကြောင့် ခမ်းမေးလိုက်သည်။
"အင်း ကျွန်မနေသိပ်မကောင်းလို့...
ခမ်းယူသွားပေးမယ်မဟုတ်လား..."ခမ်းခေါင်းညိတ်ပြလိုက်ပြီး ညိုပြာ့လက်ထဲက ချိုင့်ကိုယူလိုက်သည်။
"ညိုပြာ့ချစ်သူနဲ့အဆင်ပြေလား..."
"ကျွန်မတို့ပြတ်သွားပြီ ခမ်း..."
ပြတ်သွားပြီတဲ့လား...
ချစ်သူ၂ယောက်က ဘာလုိ့လွယ်လွယ်ပြတ်တာလဲ?..."သူကျွန်မကိုတကယ်မချစ်ခဲ့ပါဘူး ခမ်းရယ်...
ကိုထွဋ်တို့ ကိုကြီးတို့နဲ့မတည့်တော့ ကျွန်မကိုချစ်ဟန်ဆောင်ခဲ့တယ်တူပါတယ်...""ညိုပြာကရော သူ့ကိုချစ်လား..."
"အင်း ချစ်လို့အဖြေပြန်ပေးခဲ့တာပေါ့...
ကျွန်မ သူ့ကိုတဘဝလုံးစာအတွက်ရည်ရွယ်ခဲ့တာ..."ညိုပြာကဒီလောက်ချစ်တာကို ဟိုလူကဘာလို့ဒီလိုလုပ်ရတာလဲ?...
"ညိုပြာ ဆေးသောက်ထားဦးနော်...
ကျွန်တော်ထမင်းချိုင့်နောက်ကျမှာစိုးလို့ သွားတော့မယ်..."ခမ်း ညိုပြာကိုပြောပြီး ထွဋ်ဦးထင်ခြံသို့လျှောက်လာခဲ့သည်။
ခမ်းတစ်လမ်းလုံးတွေးလာမိသည်က ညိုပြာတို့အကြောင်း...
လူ၂ယောက်က တစ်ယောက်ချစ်ပေးရုံနဲ့ သူတို့ရဲ့အချစ်ရေးက မတည်မြဲဘူးပဲ...
၂ယောက်လုံးချစ်ကြမှာ သူတို့အချစ်ရေးကတည်မြဲမှာ...
အခုက ညိုပြာက ဟိုလူ့ကိုချစ်ရက်နဲ့ ဟိုလူကညိုပြာ့ကိုမချစ်ဘူးပေါ့...
ဒါဆို သူနဲ့ထွဋ်ဦးထင်ကရော...
ထွဋ်ဦးထင်က သူ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား...ထွဋ်ဦးထင်ကဟိုလူ့လိုအယုတ်တမာမဟုတ်တာမို့ ဟိုလူ့လိုလုပ်မှာမဟုတ်ဘူး...
ခမ်းကိုယ်အတွေးနဲ့ကိုယ်ကျေနပ်ကာ ထမင်းချိုင့်၂ချိုင့်ကိုလက်ကဆွဲပြီး ထွဋ်ဦးထင်ခြံဆီတည့်တည့်လျှောက်လာခဲ့သည်။
YOU ARE READING
Kham(ခမ်း) (completed)
Romance'ခမ်း' ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သလို သူ့နှလုံးသားထဲကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်.......