At YK Private school;
"ငါလိုးမသား !"
"ခွပ်! "
"ခွပ်!"
အခါများစွာကလိုဘဲ ပုံမှန်ဖြစ်နေကျရန်ပွဲမို့ကျောင်းသားကျောင်းသူတွေက အထူးအဆန်းသိပ်မလုပ်ကြ။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန် ထိုးကြိတ်မယ်။ပြီးရင်တော့ ဒီကျောင်းသားနှစ်ယောက်ကတွေ့တာနဲ့ ကိုက်ကြမယ်။ဒါတွေဟာ ဖြစ်ရိုးဖြစ်စဥ်တွေမို့ သူတို့အတွက်ရိုးနေပြီ။
"ဟားဟား!မင်းအဖေကအခြောက်ကြီးလေ။အဲဒီတော့မင်းလည်းအခြောက်ဘဲမလား။မင်းကဘာကောင်မို့လို့ ငါကမင်းကိုကြောက်ရမှာလဲ ရစ်နှောင်ကြိုး။အခြောက်မို့လို့ အခြောက်လို့ပြောတာကွာ မင်းကဘာဖြစ်ချင်လို့လဲ။ဘာဖြစ်ချင်လဲ ဟေ့ကောင်"
"ဟန်သစ်လွင်...မင်းစောက်ပါးစပ်ကိုပိတ်ထားလိုက်"
အသံနက်ကြီးဟာ အတန်းတစ်ခုလုံးကို တမဟုတ်ချင်းငြိမ်သက်သွားစေတယ်။ရစ်က ဟန်သစ်လွင်ရဲ့အင်္ကျီကော်လံစကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲလိုက်ပြီး မျက်နှာကိုလက်သီးနဲ့ချိန်ရွယ်လိုက်တယ်။အဲဒီနောက် ခပ်ပြင်းပြင်းဆောင့်တွန်းချလိုက်တာကြောင့် ဟန်သစ်လွင်ကကြမ်းပြင်ပေါ်လဲကျသွားတယ်။ဟန်သစ်လွင်ရဲ့မျက်နှာကလည်း စုတ်ပြတ်နေပြီး နှုတ်ခမ်းထောင့်စွန်းမှာလည်း သွေးတွေစို့နေတယ်။ရစ်နှောင်ကြိုးရဲ့ အင်္ကျီကလည်းပုံပျက်ပန်းပျက်ဖြစ်နေပြီး မျက်ခုံးထောင့်မှာသွေးစို့နေသေးတယ်။ဘယ်သူမှသာတယ်ရယ်မရှိဘဲ ဒဏ်ရာဒဏ်ချက်တွေကတော့ နှစ်ယောက်လုံးဆီမှာအတူတူရှိနေကြတယ်။
"ဟာ...ဟေ့ကောင် ရစ်။ထတော့ ထတော့...ဆရာမရောက်လာရင် ပြဿနာတက်ကုန်တော့မှာဘဲကွာ။မင်းတို့ကောင်တွေကလည်း မတားဘဲနဲ့ကြည့်ကောင်းနေကြတာလား"
ညီမင်းညိုက ဘေးကလူတွေကိုပါပိတ်ဟောက်လိုက်ပြီး ဟန်သစ်လွင်ကိုတက်ခွထားတဲ့ရစ်ကို အတင်းဆွဲခေါ်တယ်။အဲဒီအချိန်ကျမှရစ်က စိတ်မပါလက်မပါနဲ့ထလာတယ်။ရစ်နဲ့ဟန်သစ်လွင်တို့ဆိုတာ တွေ့တိုင်းကိုက်နေကြသူတွေဖြစ်လို့ (Grade-9 )special class (S)က ရစ်နှောင်ကြိုးနဲ့ ဟန်သစ်လွင်ကိုဆိုမသိတဲ့လူမရှိ။အဖေများ၏အရှိန်အဝါကြောင့်လား။ ဒါမှမဟုတ် သူတို့နှစ်ယောက်ရဲ့ဆိုးသွမ်းမှုကြောင့်လားဆိုတာတော့ ကာယကံရှင်တွေသာသိကြမယ့်ဖြစ်စဥ်တွေပါဘဲ။
YOU ARE READING
နွံ(Completed )
Storie d'amoreရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "