အပိုင်း (၂) [ Uni + Zaw ]

10.4K 499 9
                                    

Unicode

ရှင်းခ ကော်ဖီဆိုင်ကိုရောက်တော့ ရှစ်နာရီသာရှိသေးသည် ။ ဆိုင်လည်း မဖွင့်ရသေးပါ ။ ဆိုင်ရှင်သည် အမျိုးသမီးဖြစ်ပြီး ဒီဆိုင်ကို မန်နေဂျာနှင့်သာလွှဲထားကာ မူလကတည်းက ချမ်းသာသူဖြစ်ပြီးသားမို့ ဒီကော်ဖီဆိုင်သည် သူ့အတွက်အဲ့လောက်အရေးမကြီးလှပါ ။ ဒါကြောင့်မို့ ဆိုင်ကိုလည်း နောက်ကျမှဖွင့်တာဖြစ်သည်။

သို့သော် ရှင်းခက ဆိုင်ကိုစောစောလာ၍ မန်နေဂျာပေးထားတဲ့ သော့အပိုတစ်ချောင်းလည်းရှိတာကြောင့် ဆိုင်ဖွင့်ပေး ၊ ခုံတွေစီပေးပြီး သန့်ရှင်းရေးလုပ်ပေးထားလိုက်သည်။ အဲ့လိုဆို မန်နေဂျာက မုန့်ဖိုးပေးသည်လေ ။

ရှင်းခ ဆိုင်သန့်ရှင်းရေးလုပ်ပေးပြီး အခြားလုပ်စရာရှိတာတွေလည်း အကုန်လုပ်ပေးထားလိုက်ရာ အချိန်က ရှစ်နာရီခွဲလောက်ပင်ရှိသွားလေသည်။ ဆိုင်ကိုလာသူတွေလည်း တစ်ယောက်မှမရှိတဲ့အတွက် ရှင်းခတစ်ယောက်တည်း ကော်ဖီဖျော်တဲ့နေရာနားလေးမှာ ကော်ခုံလေးနဲ့ ငိုင်ငိုင်လေးထိုင်နေမိ၏။

လူကငြိမ်ငြိမ်လေးနေပြီဆိုတာနဲ့ ပန်းချီ့ကျူရှင်စရိတ်နဲ့ အိမ်ရဲ့စားဝတ်နေရေးအတွက်အတွေးတွေက ခေါင်းထဲဝင်လာပါလေရော ။ ကော်ဖီဆိုင်ကလည်း အချိန်ပိုင်းဆိုတော့ မနက်ရှစ်နာရီကနေ နေ့လည် ဆယ့်နှစ်နာရီအထိပဲ ၊ အဲ့တာက တစ်နေ့သုံးထောင်ရသည်။ ပြီးရင် ဦးကြီးမျိုးထွန်းအိမ်မှာ စာစောင်သွားခေါက်ရင် နှစ်ထောင်ရသည်။ ဒါဆို တစ်နေ့ငါးထောင် ။ အဲ့ငါးထောင်မှာမှ အိမ်အတွက်ဈေးဖိုးနှစ်ထောင်ဖယ်လိုက်တော့ သုံးထောင် ။ တစ်လဆို ကိုးသောင်း ၊ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ ၊ ပန်းချီ့ရဲ့ကျူရှင်စရိတ်ကတင် တစ်လတစ်သိန်းရှိနေတာလေ ။ ဒါတောင် အရင်လကတုပ်ကွေးဖြစ်ပြီး ငါးရက်လောက်အလုပ်မသွားနိုင်ခဲ့လို့ အခုထိ ပန်းချီ့ကျူရှင်လခပေးဖို့ ပိုက်ဆံမပြည့်သေးပေ။

အတွေးတွေနဲ့ တစ်ယောက်တည်းငိုင်နေတုန်း တံခါးမှာချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသေးသေးလေးတွေဆီမှ အသံမြည်သွားတာကြောင့် ရှင်းခ လှမ်းကြည့်လိုက်တော့ အသက်ငါးဆယ်ကျော်လောက်ရှိမည်လို့ထင်ရသည့် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။ အင်္ကျီအဖြူကိုလည်းကော့နေအောင်ဝတ်ထားကာ ယောပုဆိုးအပြာရောင်နဲ့ ကြည့်ရတာတော့ သဋ္ဌေးတစ်ယောက်ဖြစ်ပုံရသည်။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now