Unicode
" စီးအီးအို ! "
ရှင်းခ သူမသိလိုက်ခင်မှာပဲ အသံထွက်၍အော်ခေါ်လိုက်မိသည်။
အခုအချိန် စီအီးအိုကိုတွေ့လိုက်မိ၍ ဘယ်လောက်တောင်ပျော်သွားမိလဲဆိုတာ သူကိုယ်တိုင်သာသိပါသည်။
အမှောင်ထုထဲမှာ လမ်းပျောက်သွားတဲ့ ကလေးငယ်တစ်ယောက်လို စီအီးအိုကိုနေရာတိုင်းမှာ သူလိုက်ရှာနေမိတာ ။" စီအီးအို ကျွန်တော် ... "
သူ့စကားမဆုံးခင်မှာပဲ အာဏာကသူ့ထံပြေးလာကာ အတင်းပွေ့ဖက်လိုက်သည်။ ခပ်တင်းတင်းအဖက်ခံထားရတာကြောင့် ရှင်းခရဲ့ခန္ဓာကိုယ်လေးသည် အာဏာ့ရင်ခွင်ထဲတွင်မြုပ်လုနီးနီးဖြစ်နေပြီ။
လူသူတွေဘေးကဖြတ်သွားနေကြသည်။ များပြားလှတဲ့လူအုပ်နဲ့ ဈေးဆိုင်တွေဆီက ဆူညံသံတွေကြောင့် အာရုံထွေပြားနေပေမဲ့လည်း အာဏာရဲ့အသံရှူသံနဲ့ထိုအသံရှူသံတွင်တစတစပါလာသော ရှိုက်သံအချို့ကိုတော့ ရှင်းခသတိထားမိလိုက်ပါသည်။
" စီအီးအို .. ငိုနေတာလား "
အာဏာက ဘာမှပြန်မဖြေပါ ၊ သူ့ကိုသာတင်းတင်းဖက်ထားဆဲ ။
" စီအီးအို "
ရှင်းခ အာဏာ့ဆီမှခွာကာ ကြောင်ခေါင်းစွပ်လေးအား ဖွဖွလေးမကာ ချွတ်လိုက်သည်။
စီအီးအိုရဲ့ ပါးပြင်တွင် မျက်ရည်စီးကြောင်းတွေရှိနေသည်ကို သူတွေ့လိုက်ရသည်။
သူ့ရင်ထဲတွင် စူးအောင့်လို့သွား၏။
စီအီးအိုက.. စီအီးအိုက တကယ်ငိုနေခဲ့တာပဲ ။" စီအီးအို .. ဘာလို့ "
" ဘာလို့ ကိုယ့်ကိုစောင့်မနေရတာလဲ.. ကိုယ်ဘယ်လောက်ထိ .. ဘယ်လောက်ထိ ကိုယ်က .. "
အာဏာထပ်ပြီးပြောဖို့ အင်အားမရှိတော့ပါ။ စကားလုံးတွေက လည်ချောင်းဝမှာပင်ပျောက်ကွယ်သွားခဲ့ပြီး ထိုအစားရှိုက်သံအချို့သာ ထွက်လာခဲ့သည်။ ဘာမှဆက်မပြောနိုင်ဘဲ ရှင်းခကိုသာတင်းတင်းဖက်ထားမိသည်။ သူ့အပိုင်လေးကိုသာ အတင်းဖက်ထားမိသည်။ မျက်နာကို ရှင်းခရဲ့ပုခုံးထက်တွင် ဝှက်ရင်း သူသည် ကလေးလေးတစ်ယောက်ကဲ့သို့ .. ။
" စီအီးအို .. မငိုပါနဲ့ .. ကျွန်တော်မှားသွားပါတယ် ၊ စီအီးအို မငိုပါနဲ့ .. ကျေးဇူးပြုပြီး မငိုပါနဲ့ "
ESTÁS LEYENDO
Mg's Bodyguard (S1) [ Completed ]