အပိုင်း (၁၄) [ Uni + Zaw ]

6.5K 345 7
                                    

Unicode

ရှင်းခ နေရာတွင်ရပ်နေကာ စိတ်ထဲ၌ အံ့သြမှုများကိုထိန်းချုပ်ရန်ကြိုးစားနေသည်။
ဒီနေ့ စီအီးအိုက အလုပ်သွားမယ်ဆို၍ အစကတော့ M.M ဆောက်လုပ်ရေးကုမ္ပဏီကို လိုက်ပို့ပေးဖို့လုပ်ပေမဲ့ EYES ဂိမ်းကုမ္ပဏီကို သွားမှာ ဟုပြောသည်။ စီအီးအိုရဲ့ သူငယ်ချင်းတစ်ယောက်ကုမ္ပဏီပဲ လို့ စိတ်ထဲမှာတွေးထင်လိုက်မိတာ ။ ပြီးမှ သိလိုက်ရတာက ဒီကုမ္ပဏီက စီအီးအိုရဲ့ ကုမ္ပဏီဖြစ်ပြီး စီအီးအိုက ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌပါတဲ့ ။

" ဘာတွေစဥ်းစားနေတာလဲ..ရှင်းခနောင် "

" ဘာမှမဟုတ်ပါဘူးဗျ "

" ဗိုက်ဆာလား "

" ဗျာ "

" ဗိုက်ဆာလားလို့ မင်းအိမ်မှာကွတ်ကီးတစ်ခုပဲစားခဲ့တာမလား.. "

အဲ့တစ်ခုတောင်မှ သူခွံ့ကျွေးလို့ ဟုတော့ အာဏာ ဆက်မပြောဖြစ်တော့ပါ ။ တကယ်လက်ပေါက်ကပ်တဲ့ကောင်လေး ၊ သူခွံ့ကျွေးတာတစ်ခုပဲစားပြီး နောက်တစ်ခုထပ်စားဖို့ပြောတာကို ' ဗိုက်ပြည့်သွားပြီ စီအီးအို ' ဟုဆိုကာ အိမ်ထဲမှထွက်သွားပြီး သူ့ကို ကားပါကင်တွင် သွားစောင့်နေသည်လေ ။

" ဗိုက်ဆာရင် အောက်ထပ်မှာ cafe ရှိတယ်.. အဲ့မှာ သွားဝယ်စားလို့ရတယ် "

" ရပါတယ်ဗျ.. ကျွန်တော် ဗိုက်မဆာပါဘူး "

" အဲ့တာဆို ငါ့အတွက် အသားညှပ်ပေါင်မုန့်နှစ်ခုသွားဝယ်ပေး "

" ဟုတ်ကဲ့ပါဗျ "

---------------------------------------------------------

အာဏာခိုင်းတဲ့အတိုင်း ရှင်းခ အောက်ထပ်က cafe တွင် အသားညှပ်ပေါင်မုန့်နှစ်ခုဝယ်လိုက်သည်။ ဒီကုမ္ပဏီသည်လည်း M.M ဆောက်လုပ်ရေးကုမ္ပဏီလိုမျိုး အထပ်တွေနဲ့ဖြစ်သည်။ သို့သော် ဥက္ကဋ္ဌရုံးခန်းကတော့ အပေါ်ဆုံးထပ်မှာမဟုတ်ဘဲ ဒုတိယထပ်မှာဖြစ်သည်။

ဂိမ်းကုမ္ပဏီဖြစ်၍ နံရံတွင် ချိတ်ဆွဲထားသော မိန်းကလေးဇာတ်ကောင်ပုံကို ရှင်းခ ငေးကြည့်နေမိသည်။ ရွှေရောင်ဆံပင်နှင့် ဝင်းလက်တောက်ပနေသည့် အရှိန်အဝါပေါ်လွင်နေသည်။

Mg's Bodyguard (S1) [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin