Unicode
အိမ်ကိုပြန်ရောက်တော့ အချိန်ကညနေစောင်းနေပြီဖြစ်သည်။ အပြန်တွင် ရှင်းခက သူကားမောင်းမည်ဟုဆိုသော်လည်း အာဏာကပေးမမောင်းဘဲ သူ့ဘာသူသာတစ်လမ်းလုံးမောင်းလာလေသည်။
ရောက်တော့လည်း ကားနောက်ဖုံးကိုဖွင့်ပြီး ရှင်းခ ခရီးဆောင်အိတ်ရော သူ့အိတ်ကိုပါ ရှင်းခမထိခင် အရင်ဦးအောင်ယူကာ သယ်သွားလေသည်။
ရှင်းခ ခြံစောင့်ဦးလေးကြီးအား ချောင်းသာမှဝယ်လာတဲ့မုန့်အချို့သွားပေးပြီး အိမ်ထဲဝင်လာတော့ အာဏာက ခရီးဆောင်အိတ်များကို အပေါ်ထပ်တွင်ထားပြီး လှေကားမှပြန်ဆင်းလာလေသည်။" အချစ် ညစာဘာစားချင်လဲ ကိုယ်ဆိုင်ကမှာလိုက်မယ်လေ.. "
" ဘာပဲဖြစ်ဖြစ် ကျွန်တော်ကရပါတယ် စီအီးအို.. "
ရှင်းခဆီမှ စီအီးအိုဟူသော စကားလုံးကိုကြားလိုက်ရသောအခါ အာဏာ့မျက်နာမှာအနည်းငယ်တည်သွား၏။ သူ ရှင်းခအနားသို့ ခပ်မြန်မြန်လျှောက်လာလိုက်သည်။
" ကိုယ့်ကိုဘယ်လိုခေါ်လို့ပြောထားလဲ.. "
အာဏာ ရှင်းခပါးပြင်လေးအား ခပ်ဖွဖွနမ်းလိုက်ရင်း ခါးအားတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
" ကိုယ်မေးနေတယ်လေ.. ကိုယ်ဘယ်လိုခေါ်ဖို့ပြောထားလဲ.. "
" မောင်.. ရပြီလား.. "
အာဏာ ရှင်းခရဲ့ပါးပြင်လေးအား မနေနိုင်စွာ ထပ်၍နမ်းလိုက်မိလေသည်။
" လွှတ်ပါအုံးဗျ ၊ တော်ကြာ ဦးလေးကြီးမြင်သွားရင်မကောင်းပါဘူး.. "
" သူဒီဘက်ကိုမလာပါဘူး အချစ်ရဲ့.. "
" စီးအီးအိုကတော့ဗျာ.. "
" လာပြန်ပြီလား ဒီစီအီးအို.. ကိုယ်ဘယ်လိုခေါ်ဖို့ပြောထားလဲ.. "
" တောင်းပန်ပါတယ်ဗျ.. ကျွန်တော်ကျင့်သားမရသေးလို့ပါ.. "
" ဟင်းဟင်း.. လုပ်နေ.. ကိုယ်ထပ်ပြီးဖက်နမ်းမှာနော်.. "
" တော်ပါတော့ဗျ.. ရှက်.. ရှက်တယ် ဗျ.. "
အာဏာသဘောတကျရယ်မိတော့သည်။ ဒီကောင်လေးကဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းရတာလဲ။
VOCÊ ESTÁ LENDO
Mg's Bodyguard (S1) [ Completed ]