အပိုင်း (၄၁) [ Uni + Zaw ]

5.2K 295 17
                                    

Unicode

" သားငယ်ရယ် ရှစ်နာရီတောင်ခွဲတော့မယ် နောက်ကျလိုက်တာ .. "

ဧည့်ခန်းတွင် ဒေါ်မေသက်ရှင်းသည် အင်္ကျီများကိုမီးပူတိုက်နေရင်းမှ မင်းခန့် ဝင်လာတာကိုမြင်၍ လှမ်း၍ပြောလိုက်သည်။

' နောက်ကျမယ် ' လို့ ဖုန်းကြိုဆက်ထားပေမဲ့လည်း သူမ စိတ်မချပါ ။ ခုနကအထိတောင် ဝရန်တာမှာထွက်စောင့်နေခဲ့သေးသည်။

" ခြေလက်ဆေးလိုက်အုံး ပြီးရင်ထမင်းစားမယ် သားငယ် .. မေမေလည်း နောက်မှမီးပူဆက်တိုက်တော့မယ် "

" ဗျာ.. မေမေတို့ အခုထိထမင်းမစားရသေးဘူးလား "

ဒေါ်မေသက်ရှင်းခေါင်းခါလိုက်ကာ ခပ်ဖွဖွလေးပြုံးလိုက်၏။

" သားငယ်ကိုစောင့်နေတာ.. မေမေ့သားငယ်လေးနဲ့ ထမင်းအတူမစားဖြစ်တာကြာပြီမို့လို့ "

မင်းခန့် ရင်ထဲနွေးသွားသည်။ မေမေပြောတာဟုတ်ပါသည်။ သူဟိုတယ်မှာအလုပ်လုပ်တဲ့နေ့ကစလို့ အိမ်ပြန်နောက်ကျသည်ဖြစ်၍ မေမေနဲ့အတူညစာမစားဖြစ်တော့တာ ။ အမှန်အတိုင်းပြောရမယ်ဆို သူညစာမစားဖြစ်တော့သည်ကများသည်ဟုဆိုရမည်။ တစ်ခါတစ်လေတော့ ထမင်းနည်းနည်းဟင်းနည်းနည်း ၊ ဒီတိုင်းပဲပုံစားလိုက်ပေမဲ့ မစားဖြစ်သည်ကများသည်။

" ချီချီရော စားပြီးပြီလား "

" ချီချီလည်း မစားရသေးဘူး သားငယ်ကိုစောင့်နေတာ.. အဲ့ကောင်မလေးက စိတ်သာကောက်နေတာပါ.. သားငယ်ကိုတော့ချစ်ရှာပါတယ် "

မင်းခန့်ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

-----------------------------------------------------------

စားပွဲပေါ်တွင် ပဲသီးကြော် ၊ ကြက်သားအာလူးဟင်းနဲ့ ပုစွန်ချဥ်သုပ် ၊ ငပိရည်တို့စရာများကို ပြင်ဆင်ထားသည်။

" သား ထည့်စားနော်.. သားကြိုက်တဲ့ ပုစွန်ချဥ်သုပ်လေးသုပ်ပေးထားတယ် "

ပန်းချီသည် ပုစွန်ချဥ်သုပ်ကိုခပ်လိုက်ကာ ဒေါ်မေသက်ရှင်းရဲ့ ပန်းကန်ထဲသို့ဦးချလိုက်သည် ။ ပြီးနောက် မင်းခန့်ပန်းကန်ထဲဦးချ၏။

Mg's Bodyguard (S1) [ Completed ] Tempat cerita menjadi hidup. Temukan sekarang