Unicode
" Happy 8 months Anniversary ပါ.. ကိုယ့်အသက် "
ဟုဆိုကာ နောက်မှဖက်တွယ်လာသောသူကြောင့် ရှင်းခ နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခုကရေးခနဲ ။ တစ်ဖက်လှည့်၍ အိပ်နေရင်းမှ အာဏာ့ဘက်သို့လှည့်ကာ မျက်နာမူလိုက်သည်။
" Happy Anniversary ပါ မောင် "
အာဏာသည် ရှင်းခရဲ့ ရှုပ်ပွနေသောဆံနွယ်တို့အား လက်ဖြင့်အသာအယာသပ်တင်ပေးပြီးနောက် နဖူးထက်အား ခပ်ဖွဖွလေးနမ်းလိုက်လေသည်။ ထိုမှတဆင့်အသည်းတယားယား ဆံနွယ်တို့အား တယုတယနမ်းရှုံ့မိသည့်အခါ ရင်ခွင်ထဲတွင် ငြိမ်နေသော ကောင်လေးသည် သူ့၏မြတ်နိုးရာလေးပင်ဖြစ်သည်။
" မောင် ဒီနေ့ဘာစားချင်လဲဗျ "
" မင်းကို.. "
" ဟာ.. "
ရှင်းခရဲ့ပါးပြင်လေးများသည် နွေးတေးတေးဖြစ်သွားကာ ချက်ချင်းပင် ပန်းရောင်သမ်းသွားလေသည်။ ရှက်သွား၍ ချက်ချင်းပင် အာဏာ့ရင်ခွင်ထဲမျက်နာအပ်တော့၏။
" ဟောဗျာ.. ကိုယ်ကစတာပါ.. ကိုယ့်အချစ်က တကယ်အရှက်ကြီးတာပဲ "
" ဟွန်း.. ကျွန်တော်ကရှက်တာပေါ့ဗျ "
" သခင်လေးရှက်တယ်ဆိုရင် ကျွန်တော်မျိုးမစတော့ပါဘူးဗျာ .. ဟုတ်ပြီလား "
ထိုအခါမှ ရှင်းခနှုတ်ခမ်းထက်တွင် အပြုံးလေးဖြစ်ပေါ်လာပြီး အာဏာ့ရင်ဘတ်အား လက်ဖြင့်ဖွဖွထုလိုက်သည်။
" ဘာကို သခင်လေးလဲဗျ "
" ဟော.. ကိုယ့်ဘဝရဲ့ သခင်လေးလေ မဟုတ်လို့လား "
" မောင်ကတော့လေ "
ထိုသို့ဆိုရင်း မျက်လွှာချသွားသောကောင်လေးအား အသည်းယားစွာ အာဏာတရှုံ့ရှုံ့နမ်းနေမိသည်။
" မောင်တော်တော့ .. ကျွန်တော် မနက်စာပြင်ရအုံးမယ် "
ရင်ခွင်ထဲတွင် စတင်ရုန်းကန်လာသောကောင်လေးအား သူအလွတ်မပေးနိုင် ၊ အတင်းဖမ်းချုပ်ပြီး နှုတ်ခမ်းတို့အားစွဲမက်စွာ နမ်းရှိုက်မိသည်။
ရှင်းခရဲ့နှုတ်ခမ်းတို့သည် နူးညံ့လွန်းပြီး သူ့အားအရာအားလုံးကိုမေ့သွားစေသည်။ တင်းကြပ်စွာဖက်ထားပြီး မက်မောစွာ နမ်းရှိုက်နေမိသည်။
အချိန်ဘယ်လောက်ကြာသွားလဲမသိ ၊ ရှင်းခက သူ့ရင်ဘတ်အားအတင်းတွန်းထုတ်လာတော့မှပဲ အသိပြန်ဝင်ကာ ထိုကောင်လေးအား အသက်ရှူခွင့်ပေးလိုက်ရသည်။
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
ESTÁS LEYENDO
Mg's Bodyguard (S1) [ Completed ]