အပိုင်း (၄၀) [ Uni + Zaw ]

4.8K 267 14
                                    

Unicode

လမ်းမီးတိုင်တွေမှလာတဲ့ မှုန်ဖျဖျမီးအလင်းရောင်နှင့် တစ်ချက်တစ်ချက်ကြားရသော ကားဟွန်းတီးသံတွေမှအပ ပတ်ဝန်းကျင်သည် ပကတိတိတ်ဆိတ်ငြိမ်သက်လျက် ။

အချိန်အားဖြင့်လည်း ရှစ်နာရီတောင်ကျော်လာခဲ့ပြီ ။ မင်းခန့် ခြေလှမ်းတွေကိုရေတွက်ကာလျှောက်နေသည့်အလား ခပ်ဖြည်းဖြည်းဖြင့် ကားလမ်းမဘေးကနေကပ်လျက် လျှောက်လာသည်။

ကောင်းကင်ပေါ်တွင် တိမ်တိုက်မဲတို့ကင်းစင်ကာ လပင်သာနေသေးသည်။ သို့သော်ငြား သူ့ရင်ထဲမှာတော့ ဘာလို့တိမ်တိုက်မဲတွေဖုံးအုပ်နေရတာလဲ ။ အသက်မရှိတဲ့ လူလို ၊ ခြေလှမ်းကို တစ်လှမ်းချင်းလှမ်းရင်း အိမ်ပြန်နေရတဲ့သူ့အဖြစ်က ငယ်ငယ်တုန်းကနဲ့လုံးဝကိုကွဲပြားခြားနားသည်။

ငယ်ငယ်တုန်းက သူသည် ဘာကိုမှအပူအပင်မရှိခဲ့တဲ့ ကလေးတစ်ယောက်ပဲ ။
' ကစားမယ် ' ' စားမယ် ' ဆိုတာလောက်ပဲသိတာ ။ စာကိုလည်းသေချာမလုပ် ။ ကိုကြီးတို့ညီမလေးတို့လိုလည်း စာမှစာဆိုပြီး တစ်ခါမှမကြိုးစားခဲ့ဖူးဘူး ။ ရည်မှန်းချက်ဆိုတာလည်းမရှိ ။ အိမ်မှာအငယ်ဆုံးမဟုတ်တာတောင် အငယ်ဆုံးဖြစ်တဲ့ညီမလေးထက် သူကပိုကျီကျသည်။ သူကျီကျတာအကုန်ဖြည့်ဆည်းပေးခဲ့တာကလည်း ကိုကြီးပဲ ။ ဖေဖေရိုက်ရင်တောင် ကိုကြီးက ရှေ့ကနေကာပေးသေးတာ ။ အဲ့ကျရင် ဖေဖေက သူ့သားကြီးထိခိုက်မှာစိုးလို့ ဆက်မရိုက်တော့ဘူးလေ ။

မင်းခန့်တွေးရင်း ပြုံးလိုက်မိသည်။

အရင်တုန်းက သိပ်ပျော်ဖို့ကောင်းခဲ့တာ ။
ဖေဖေရယ် ၊ မေမေရယ် ၊ ကိုကြီးရယ် ၊ ညီမလေးရယ် ။ အခုတော့ သူ့ဘေးမှာဘယ်သူမှမရှိတော့ပါလား ။

သူက ဂြိုလ်ဆိုးပဲ ။ ' မွေးဖွားလာတာ မှန်ရဲ့လား ' ဟု သူအကြိမ်ကြိမ်စဥ်းစားဖူးသည်။ မိသားစုအတွက် သူဘာများလုပ်ပေးဖူးလဲ ။ ခေါင်းခြောက်အောင်စဥ်းစားလည်း အဖြေကထွက်မလာဘူး ။ ဘာလို့လဲဆိုတော့ သူဘာမှမလုပ်ပေးဖူးဘူးလေ ။ ဖေဖေဆုံးသွားတော့ ကိုကြီးက ဂုဏ်ထူးငါးဘာသာပါခဲ့တာတောင် တက္ကသိုလ်ဆက်မတက်တော့ဘူး ။ အလုပ်ထွက်လုပ်သည် ။ သူ့တို့ကိုဆက်ပြီးကျောင်းထားပေးခဲ့သည်။ အဲ့တာတောင် သူက ကိုကြီးဂုဏ်ယူရအောင်မလုပ်ပေးနိုင်ခဲ့ဘူး ။ စာညံ့သည် ။ ရန်ဖြစ်လို့ ကျောင်းရုံးခန်းရောက်တာလည်း မရေမတွက်နိုင်အောင် ။ နောက်ဆုံး ဆယ်တန်းကိုလည်း ဂုဏ်ထူးတစ်ခုမှမပါဘဲ ရိုးရိုးသာအောင်ခဲ့သည်။ ဒါတောင် ကိုကြီးက တက္ကသိုလ်ဆက်ထားပေးသည်။ သူကအတင်း ' အဝေးသင်ပဲတက်မယ် ' ဟုပြောခဲ့၍သာ ။

Mg's Bodyguard (S1) [ Completed ] Unde poveștirile trăiesc. Descoperă acum